Powered by Blogger.

ချစ်သူကောင်လေး နဲ့ လမ်းလယ်ခေါင်မှာ ရန်ဖြစ် စကားများနေရင်း အ၀တ်အစားတွေ ချွတ်ချလိုက်တဲ့ အမျိုးသမီး




အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ ချစ်သူကောင်လေး နဲ့ လမ်းလယ်ခေါင်မှာ ရန်ဖြစ် စကားများနေရင်း တစ်ကိုယ်လုံး အ၀တ်အစားတွေ ချွတ်ချလိုက်တဲ့ အခိုက်အတန့်မှာတော့ လမ်းသွားလမ်းလာ အားလုံး ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရပါတယ်။

အမည်မဖော်လိုသူ ထို တရုတ် အမျိုးသမီး ရဲ့ ထူးဆန်းတဲ့ လုပ်ရပ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဟာ အင်တာနက်က တစ်ဆင့် ပျံ့နှံ့ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

အမှန်တော့ ထို အမျိုးသမီးဟာ သူမရဲ့ ချစ်သူကောင်လေးနောက်ကို တောက်လျှောက်ခြေရာခံ လိုက်နေခဲ့တာဖြစ်ပြီး ထို လမ်းလယ်ခေါင် တစ်နေရာ အရောက်မှာမှ စကားစစ်ပွဲက စတင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ရန်ဖြစ် အော်ဟစ် စကားများနေရင်းနဲ့ပဲ သူမဟာ အကျီင်္တွေကို စတင်ပြီး ချွတ်ချလိုက်ပါတော့တယ်။ သူမရဲ့ ချစ်သူကောင်လေးလည်း အံ့အားသင့်သွားခဲ့ရပါတယ်။ သူမဟာ နောက်တော့ ကျန်တဲ့ အ၀တ်အစားတွေကိုပါ တစ်ဖြည်းဖြည်းချင်း ချွတ်ချလိုက်တဲ့အခါမှာတော့ ဖြတ်သွားဖြတ်လာတွေဟာ လမ်းဆက်မလျှောက်ကြတော့ပဲ ရပ်လိုက်ကြပြီး သူတို့ စုံတွဲကိုငေးကာ ဘာတွေဆက်ဖြစ်လာမလဲလို့ စိတ်ဝင်တစားနဲ့ ကြည့်နေခဲ့ကြပါတယ်။

သူတို့ ဘာကြောင့် စကားများရတာလည်း ဆိုတာတော့ အတိအကျမသိရပါဘူး။ အဲဒီအချိန်မှာ ခရီးသည် အပြည့်တင်ဆောင်လာတဲ့ ဘတ်စ်ကား တစ်စီးဟာ ထိုစုံတွဲကို တွေ့တဲ့အခါမှာ ကားကို နောက်ပြန်ဆုတ် ပြီးတော့တောင် ကြည့်သွားပါတယ်။ အဲဒီနောက်မှာတော့ ထိုအမျိုးသမီးလည်း ဒေါသတွေ ပြေလျော့သွားပြီး အ၀တ်အစားတွေ ပြန်ဝတ်လိုက်တာဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

1 comments:

  1. စိတ်လှုပ်ရှားဖွယ် သတင်းပါပေတကား

    ReplyDelete