Powered by Blogger.

ဆန်ဖရန်ဆစ္စကို မြို့ က ဂရင်းနစ်စံချိန်တင်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ချိစ် ပန်းပု ရုပ်




ဆန်ဖရန်ဆစ္စကို မြို့မှာ အခြေစိုက်ထားတဲ့ The Melt ဆိုတဲ့ စားသောက်ကုန် ကုမ္မဏီဟာ ၁၅၂၄ ပေါင် ရှိတဲ့ အ၀ါရောင် ဒိန်ခဲမာ တစ်မျိုးနဲ့ ကမ္ဘာ့အကြီးဆုံး ချိစ် ပန်းပု ရုပ်ကို တည်ဆောက်နိုင်ခဲ့ပြီး ကမ္ဘာ့စံချိန် တင်နိုင်တော့မယ်လို့ သိရပါတယ်။

The Melt ဆိုတဲ့ ကုမ္မဏီဟာ ချိစ်နဲ့ ပြုလုပ်တဲ့ ပန်းပု ပညာရှင် တစ်ယောက်ဖြစ်တဲ့ Troy Landwehr နဲ့ ပူးပေါင်းပြီး ချိစ်ဘာဂါ ပုံစံ ပန်းပု ရုပ်ကို လော့အိန်ဂျလိစ် မြို့မှာ သောကြာင်္နေ့က တည်ဆောက် ပြသခဲ့တာဖြစ်ပါတယ်။ ထို ပန်းပု ရုပ်ဟာ ကမ္ဘာ့အကြီးဆုံး ချိစ် ပန်းပု ရုပ်အဖြစ် ကမ္ဘာ့ဂရင်းနစ် စံချိန်တင်နိုင်တော့မယ်လို့လည်း အတည်ပြုပြောကြားခဲ့ပါတယ်။

ထို အ၀ါရောင်ဒိန်ခဲနဲ့ ပြုလုပ်တဲ့ ပန်းပု ရုပ်ဟာ အမေရိကန် နိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာင်္နေ့က ကျရောက်တဲ့ အမျိုးသား ချိစ်ဘာဂါနေ့ ကို ဂုဏ်ပြုဖို့အတွက် တည်ဆောက်ထားတာဖြစ်တယ်လို့ သိရပြီး ထိုပန်းပုရုပ်ဟာ ၄၅ လက်မ အမြင့်ရှိကာ ၃၈ လက်မ ကျယ်ပြီး ၁၅၂၄ ပေါင် အလေးချိန်ရှိတယ်လို့ သိရပါတယ်။

ဒါဟာ အရင်တုန်းက ကမ္ဘာ့စံချိန်တင်ထားတဲ့ ချိစ် ရုပ်ထု ထက် ၅၉၉ ပေါင် ပိုလေးလံသွားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

"The Melt ကုမ္မဏီ ဟာ ၂၀၁၄ နိုဝင်ဘာလ က စတင်ပြီး Menu ထဲကို ချိစ်ဘာဂါ ထည့်သွင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ချိစ် ဘာဂါဟာ တစ်ဖြည်းဖြည်းချင်း ရေပန်းစားလာခဲ့ပါတယ်။ အခုလည်း ချိစ်ဘာဂါရောင်းခဲ့တာ ၁ နှစ်ပြည့်တဲ့အနေနဲ့ အရသာ ရှိတဲ့ ချိစ် တွေအပြင် စားသုံးသူတွေကို ပြုံးသွားစေအောင် အခုလို စံချိန်တင်စေခဲ့တာဖြစ်ပါတယ်" လို့ The Melt ကုမ္မဏီ ရဲ့ Marketing ဒု-ဥက္ကဋ္ဌ ဖြစ်သူ Kerri Martin က ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment