Powered by Blogger.

ဇနီးသည်ကြိုက်တဲ့ ကော်ဖီဝယ်ဖို့ ပြင်သစ်နိုင်ငံ အထိ စက်ဘီးစီးပြီး သွားရောက်ခဲ့တဲ့ အဘိုးအို




အသက် ၇၀ အရွယ် အဘိုးအိုး တစ်ဦးဟာ သူ့ရဲ့ ဇနီးသည် အကြိုက်ဆုံး ကော်ဖီ ကိုဝယ်ယူဖို့အတွက် ဗြိတိန် နိုင်ငံကနေ ပြင်သစ်နိုင်ငံအထိ စက်ဘီးစီးပြီး သွားရောက်ခဲ့ပါတယ်။

David Pedlow လို့ ခေါ်တဲ့ အဘိုးအိုတစ်ဦးဟာ သူ့ရဲ့ ဇနီးသည် Jackie အတွက် မိုင်ပေါင်း ၂၅၀ ကျော်ကို စက်ဘီးနင်းပြီးသွားရောက်ခဲ့တာဖြစ်ပါတယ်။

Jackie ရဲ့ အကြိုက်ဆုံးကော်ဖီဖြစ်တဲ့ Grand Mere ကော်ဖီဟာ ကုန်သွားပြီဖြစ်တာကို သိတဲ့နောက်မှာ သူဟာ ကော်ဖီ ၀ယ်ပေးဖို့ကြိုးစားရာမှာတော့ ထိုကော်ဖီ အမျိုးအစားဟာ ပြင်သစ်နိုင်ငံ အတွင်းမှာ ပဲ ရရှိနိုင်မယ့် အနေအထားမှာ ဖြစ်နေပါတယ်။

သူဟာ သူ့ရဲ့ ကားကို မကြာသေးခင်ကမှ ဆုံးရှုံးလိုက်ရတဲ့အတွက် သူ့ရဲ့ လျှပ်စစ် စက်ဘီးကို  စတင်စမ်းသပ်တဲ့အနေနဲ့ ဗြိတိန် နိုင်ငံ Plymouth မြို့ကနေ ပြင်သစ်နိုင်ငံရဲ့ ကမ်းရိုးတန်း အစွန်အဖျား မြို့ဖြစ်တဲ့ Roscoff ကိုညဘက်စက်လှေနဲ့သွားရောက်ခဲ့တာဖြစ်ပါတယ်။

Roscoff ကနေမှ Saint-Pol-de-Leon ဆိုတဲ့ မြို့ကို မိုင်အနည်းငယ် ထပ်မံ စက်ဘီး နင်းပြီး သူ့ဇနီးသည်ကြိုက်တဲ့ Grand Mere ကော်ဖီ ၃၀ ကီလိုဂရမ်ကို ၀ယ်ယူခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ခရီးစဉ် တစ်ခုလုံးဟာ စတာလင်ပေါင် ၁၂၀ သာ ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

သူတို့ ဇနီးမောင်နှံမှာ သားသမီး ၁ ယောက် ထွန်းကားခဲ့ပြီး Grand Mere ကော်ဖီကို ၁၉၈၀ ခုနှစ်ကတည်းက စွဲလန်းစွာ သောက်သုံးခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment