Powered by Blogger.

ဆွေးနွေးတင်ပြချက်တစ်ခု မှာ Nelson Mandela နဲ့  Morgan Freeman ကို ကျောင်းသူနှစ်ဦးမှားယွင်း




တောင်အာဖရိကသမ္မတဟောင်း Nelson Mandela အကြောင်း တင်ဆက်မှုလုပ်နေတဲ့ ကျောင်းသူနှစ်ယောက်ဟာ Mendela နေရာမှာ ဟောလီးဝုဒ်သရုပ်ဆောင် Morgan Freeman ကို မှားယွင်းဖော်ပြမိမှုကြောင့် အရှက်ကွဲခဲ့ရပါတယ်။

Morgan Freeman ရုပ်ပုံကို ပရိုဂျက်တာနဲ့ ထိုးထားတဲ့ပိတ်သားမှာ Nelson Mandela ဆိုတဲ့ ခေါင်းစီးနာမည် ထိုးထားတာကို ဓာတ်ပုံရိုက်ကူးပြီး အွန်လိုင်းဓာတ်ပုံမျှဝေရေးဝက်ဘ်ဆိုဒ် imgur မှာ တင်ထားတာဖြစ်ပါတယ်။

တောင်အာဖရိကလူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးသူရဲကောင်း Nelson Mandela နဲ့ သရုပ်ဆောင် Morgan Freeman တို့ ကို မှားကြတာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းကလည်း အိန္ဒိယနိုင်ငံက ဘေဘုတ်တစ်ခုမှာ Mandela အမှတ်တရဆိုပြီး Morgan Freeman ဓာတ်ပုံကြီး သုံးခဲ့ဖူးပါတယ်။

တောင်အာဖရိကသမ္မတဟောင်း Mandela ဟာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ မှာ သေဆုံးခဲ့ပြီး Mandela အကြောင်း ရိုက်ကူးထားတဲ့ ၂၀၀၉ ခုနှစ် ရုပ်ရှင်ကား ‘Invictus’ မှာ Mandela အဖြစ် Morgan Freeman က ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ Morgan ဟာ အဆိုပါဇာတ်ကားနဲ့ အော်စကာဆုဆန်ကာတင် စာရင်းတောင် ၀င်ခဲ့ပါသေးတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment