Powered by Blogger.

အာဖရိကတိုက်ဟာ အနာဂတ်မှာ ကုန်ပစ္စည်းများ ထုတ်လုပ်ရာ အချက်အချာနေရာကြီးဖြစ်လာနိုင်




ယခုအချိန်မှာ လုပ်ငန်းပေါင်းများစွာဟာ မိမိတို့ဈေးကွက် တွေကို ချဲ့ထွင်လာတဲ့အတွက်ကြောင့် ကုန်ထုတ်စွမ်းအားတွေကို တိုးမြင့်ဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်ပေါင်းများစွာဟာ ကုန်ကျစရိတ်သက်သက်သာသာနဲ့ လုပ်ငန်းအတွက်အကျိုးရှိမယ့်နေရာတွေကို သူ့ထက်ငါအပြိုင်လု ရှာဖွေနေကြပါတယ်။

အဲ့လိုရှာဖွေလာတဲ့အခါမှာ အာဖရိကတိုက်ဟာ လုပ်ငန်းရှင်တွေအတွက် မျက်စိကျစရာနေရာကြီးဖြစ်လာပါတယ်။ အာဖရိကတိုက်ရဲ့ နိုင်ငံအချို့က အထည်ချုပ်လုပ်ငန်းတွေဟာ ကမ္ဘာ့အထည်ချုပ်လုပ်ငန်းတွေမှာ စံနမူနာယူရလောက်အောင် အလုပ်တွင်ခဲ့ပါတယ်။

မကြာသေးခင်ကမှ ထုတ်ပြန်ခဲ့တဲ့လေ့လာချက်တွေအရ Ethiopia နိုင်ငံဟာ ထုတ်ကုန်တွေကို အရည်အသွေးမီမီထုတ်လုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်ပဲ အဲ့ဒီနိုင်ငံမှာ  H&M, Primark,Tesco  စတဲ့ ကုမ္ပဏီကြီးတွေက အလုပ်ရုံတွေ လာရောက်တည်ထောင်ထားပြီးပြီလို့တောင် သိရပါတယ်။  Ethiopia, Tanzania, Uganda နဲ့ Kenya  စတဲ့ အရှေ့အာဖရိကနိုင်ငံတွေဟာ သူတို့ရဲ့ အခြေခံကုန်ထုတ်စွမ်းအားတွေကို မြင့်တင်ဖို့ကြိုးစားလာပါပြီ။

အာဖရိကနိုင်ငံတွေမှာ ကောင်းမွန်တဲ့ လုပ်သားအင်အား ၊ လုံလောက်တဲ့ လျှပ်စစ်စွမ်းအင် ၊ ပေါများတဲ့ ကုန်ကြမ်းတွေကြောင့် လုပ်ငန်းပိုင်ရှင်တွေက အမြောက်အများ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာကြတာလည်း ဖြစ်ပ်ါတယ်။

အာရှတိုက်ဟာလည်း ကုန်ထုတ်လုပ်ရာ  အချက်အချာနေရာကြီးတစ်ခုအဖြစ်တည်ရှိနေပေမယ့် တရုတ်ကသာပဲ ကုန်ထုတ်လုပ်မှုကို အုပ်စိုးထားတဲ့အတွက် အခြားသော လုပ်ငန်းရှင်တွေဟာ အာရှမှာ ရင်းနှီးမြှုပ်နှံဖို့ လက်တွန့်နေခဲ့ကြတာဖြစ်ပါတယ်။ တချို့သော တရုတ်လုပ်ငန်းရှင်တွေဟာ အာဖရိကမှာတောင်ရင်းနှီးမြှုပ်နှံဖို့ တာစူနေတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် အာဖရိကဟာ  ကုန်ထုတ်လုပ်ရာ အချက်အချာနေရာကြီးဖြစ်လာမလားဆိုတာ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

( Paing AK )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : WIR

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment