Powered by Blogger.

မူကြိုကျောင်းကနေ ဖောက်ထွင်းထွက်ပြေးပြီး Jaguar ကားဝယ်ဖို့ ကြိုးစားခဲ့တဲ့ ကလေးငယ် ၂ ဦး




သေးငယ်လှတဲ့ ကလေး လေး ၂ ယောက်ဟာ သူတို့ရဲ့ မူကြိုကျောင်းထဲကနေ လှိုဏ်ခေါင်း သဖွယ် အပေါက်တစ်ခုကို တူးပြီး ကျောင်းထဲကနေ ခိုးထွက်ကာ Jaguar အမှတ်တံဆိပ် ကားအရောင်းပြခန်းကို မိုင်ပေါင်းများစွာ လမ်းလျှောက်သွားပြီး ကားဝယ်ယူဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

ထို အသက် ၅ နှစ်သာ ရှိသေးတဲ့ ကလေး ၂ ယောက်ကို ရုရှားနိုင်ငံ ၊ Magnitogorsk မြို့မှာရှိတဲ့ Jaguar ကားအရောင်းပြခန်းရဲ့ အပြင်ဘက်မှာ တွေ့လိုက်ရပြီး သူတို့ ၂ ယောက်ဟာ ကားအရောင်းပြခန်းအတွင်းကိုလည်း ငေးနေကြပြီး ဘေးကရပ်ကြည့်နေသူတွေကိုလည်း သူတို့ဟာ အရွယ်ရောက်ပြီးသား ကားတစ်စီး ကို လိုချင်တယ်လို့ ဆိုခဲ့ပါတယ်တဲ့။

ဒီလိုနဲ့ပဲ ထိုကလေး ၂ ယောက်ဟာ Ordzhonikidze ရဲစခန်းကို ခေါ်ဆောင်သွားခြင်း ခံခဲ့ရ တယ်လို့ Siberian Times သတင်းဌာနက ဖော်ပြထားပါသေးတယ်။ သူတို့ ၂ ယောက်ဟာ ရဲစခန်း အရောက်မှာတော့ သူတို့ အနေနဲ့ ကျောင်းကနေ ထွက်ပြေးလာဖို့အတွက် ရက်ပေါင်းများစွာ ပြင်ဆင်ခဲ့ရပြီး အရုပ်တွေကို အသုံးပြုကာ ခြံစည်းရိုး အောက်မှာ အပေါက်တစ်ခု ဖြစ်လာအောင် တူးခဲ့ကြတယ်ဆိုတာကို ၀န်ခံခဲ့ပါတယ်။

သူတို့ဟာ ကျောင်းဝန်ထမ်းတွေ အခြား တစ်နေရာကို အာရုံစိုက်နေတဲ့အချိန် ကျောင်းထဲကနေ လစ်ထွက်လာကြတာဖြစ်ပါတယ်။ 

ထို မူကြိုကျောင်းရဲ့ ကျောင်းအုပ်ဖြစ်တဲ့ Olga Denisenko ကတော့ "ဒါဟာ စည်းကမ်းချိုးဖောက်တဲ့ ကိစ္စပါ။ ဒီကိစ္စဖြစ်လာဖို့ ခွင့်ပြုခဲ့တဲ့ သူတွေကတော့ အလုပ်ထုတ်ခံရမှာပါ" လို့ ဆိုပါတယ်။

မူကြိုကျောင်းအနေနဲ့တော့ ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ်ကို သိရှိရခြင်း မရှိသေးပဲ သိထားသလောက်ကိုသာ အတည်ပြုပေးနိုင်သေးတာ ဖြစ်တယ်လို့လည်း ဆိုထားပါသေးတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment