Powered by Blogger.

ကမ္ဘာ့အကြီးဆုံး မုန်လာဥ တွေ စိုက်ပျိုးခဲ့သူ အဖိုးအို




အဖိုးအိုတစ်ဦးဟာ ကမ္ဘာ့အကြီးဆုံး မုန်လာဥ ၃ မျိုးကို စိုက်ပျိုးပြီးတဲ့နောက် ကမ္ဘာ့ဂရင်းနစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

အသက် ၆၀ အရွယ် Joe Atherton ဆိုသူဟာ အထူး ရောနှော မြေသြဇာ တွေကို အသုံးပြုပြီး ကမ္ဘာ့အကြီးဆုံးလို့ ပြောနိုင်မယ့် မုန်လာဥ နီ ၊ မုန်လာဥ ၀ါ ၊ မုန်လာဥ ဖြူတို့ကို စိုက်ပျိုးခဲ့တာပဲ ဖြစ်ပါတယ်။

အရင်တုန်းက ကျောက်မီးသွေးတွင်း အလုပ်သမား တစ်ယောက်ဖြစ်ခဲ့တဲ့ Atherton က၂၃ ပေ ၇ လက်မ ရှည်လျားတဲ့ မုန်လာဥ နီ ၊ ၂၄ ပေ ရ လက်မရှည်လျားတဲ့ မုန်လာဥ ဖြူ နဲ့ ၁၉ ပေ ၂ လက်မရှည်လျားတဲ့ မုန်လာဥ ၀ါတို့ကို သူနေထိုင်ရာ ဗြိတိန်နိုင်ငံ ၊ Mansfield မြို့မှာ စိုက်ပျိုးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

မြေး ၆ ယောက်ရဲ့ အဖိုးဖြစ်သူဟာ လက်ရှိမှာ သူနာပြုတစ်ယောက် အဖြစ်လည်း အလုပ်လုပ်နေပြီး သူစိုက်ပျိုးခဲ့တဲ့ ဧရာမ မုန်လာဥ တွေကိုတော့ Malvern မြို့မှာ ကျင်းပတဲ့ ၃ မြို့နယ် စိုက်ပျိုးရေးပွဲတော် မှာ ပြသခဲ့တယ်လို့လည်း သိရပါတယ်။

"ကျွန်တော် အသီးအနှံတွေ စိုက်ပျိုးခဲ့တယ် ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဇနီး Carmel က ဒါတွေကို သန့်စင်ပြီး ပိုမိုရှင်သန်လာစေတဲ့အတွက် ကမ္ဘာ့စံချိန်တင်ဖို့ အခွင့်အရေးတွေ ရခဲ့တာပါ။ ဒါတွေကို စိုက်ပျိုးဖို့အတွက်တော့ မြေသြဇာနဲ့ မြေဆီလွှာ ကို မှန်ကန်တဲ့ အချိုးနဲ့ရောစပ်နိုင်ဖို့ လိုပါတယ်" လို့ Joe Atherton က ဆိုပါတယ်။

Joe ရဲ့ အခြား ပြိုင်ဘက် တစ်ယောက်ကတော့ Tim Saints ဆိုသူဖြစ်ပြီး သူကတော့ အကြီးဆုံး ရွှေဖရုံသီးကို စိုက်ပျိုးနိုင်ခဲ့သူဖြစ်ပြီး သူစိုက်ပျိုးထားတဲ့ ရွှေဖရုံသီးဟာ ကရိန်းနဲ့ သယ်ယူခဲ့ရတယ်လို့လည်း သိရပါတယ်။ Tim Saints ဟာ လက်ရှိမှာ ၂၃.၃၆ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး မုန်လာဥနီကို စိုက်ပျိုးထားနိုင်သူဖြစ်ပြီး သူ့ရဲ့ စံချိန်ကို Joe က ချိုးဖျက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ဟင်းသီးဟင်းရွက်တွေကို စက်တင်ဘာလ ၂၇ ရက်မှာ စတင်ကျင်းပခဲ့တဲ့ ဗြိတိန်နိုင်ငံ အမျိုးသားဧရာမ ဟင်းသီးဟင်းရွက် ပြိုင်ပွဲမှာ ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။



( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment