Powered by Blogger.

အိပ်ယာ အဖြစ်ပါပြောင်းလဲပေးနိုင်မယ့် အလုပ်စားပွဲ တစ်မျိုးကို ဂရိပညာရှင် တီထွင်




သင်ဟာ အရမ်းကို အလုပ်ကြိုးစားတဲ့အတွက် သင့်ရဲ့ ရုံးခန်းမှာ အချိန်ကုန်ဆုံးရတာ များလာခဲ့ပြီး ရုံးခန်းမှာပဲ ပြောင်းရွှေ့နေထိုင်ဖို့ စဉ်းစားနေတာလား?

ဒါဆိုရင်တော့ အလုပ်လည်းလုပ်နိုင် ၊ အိပ်လို့လည်းရနိုင်တဲ့ နေရာခြွေတာရေး အလုပ်စားပွဲ တစ်ခုထွက်ပေါ်လာပါတယ်။

ဂရိ နိုင်ငံက ဗိသုကာ ပညာရှင်တစ်ယောက်ဟာ ထို အိပ်ရာ အဖြစ်ပြောင်းလဲနိုင်မယ့် အလုပ်စားပွဲခုံကို ရုံးနောက်ကျသည် အထိ အလုပ်လုပ်ရတဲ့ ၀န်ထမ်းတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်လိုက်ပါတယ်။

"အဓိကရည်ရွယ်ချက်ကတော့ များသောအားဖြင့် ကျွန်တော်တို့ဘ၀တွေဟာ ကျွန်တို့ရဲ့ ရုံးခန်းမှာ ရှိတဲ့ နေရာလေးတွေမှာ အံဝင်ခွင်ကျ ဖြစ်လာအောင်နေ ထိုင်နေရပါတယ်။ ကျွန်တော် သတိထားမိခဲ့တာကတော့ နိုင်ငံသားတိုင်းဟာ လူမှုရေးအကြောင်းအရာတွေပေါ် အခြေခံပြီး မတူညီတဲ့ သိမြင်နားလည်မှုတွေ ရှိနေနိုင်ပါတယ်။" လို့ ထို ဂရိဗိသုကာ ပညာရှင်ကဆိုပါတယ်။

ထို အလုပ်စားပွဲဟာ အလုပ်လုပ်တဲ့စားပွဲအဖြစ်လည်း သုံးနိုင်သလို သတ်မှတ်အချိန်မရောက်ခင် အပြီးလုပ်ရမယ့် အလုပ်တွေရှိလာတဲ့အခါမှာ ရုံးခန်းမှာ အချိန်ပို အလုပ်လုပ်ပြီး အိမ်ပြန်စရာ မလိုပဲ တန်းအိပ်နိုင်အောင် စီစဉ်ထားတာပဲ ဖြစ်ပါတယ်။

ထို စားပွဲကိုတော့ သတ္တု ၊ ယွန်း ၊ သစ်သား နဲ့ အဖြူရောင်လယ်သာ တို့ကို အသုံးပြုပြီးတည်ဆောက်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။




( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment