Powered by Blogger.

လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀၀ ခန့်က ခေါင်းဖြတ်ကွပ်မျက်ခံထားရတဲ့ ဦးခေါင်းခွံရိုး ကို ရှာဖွေတွေ့ရှိ




သိပ္ပံပညာရှင်တွေဟာ ကမ္ဘာကြီးရဲ့အစောဆုံး လူသား ရဲ့ ဦးခေါင်းခွံရိုးကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ သို့သော်လည်း ပိုမိုစိတ်ဝင်စား စရာ ကောင်းတာက ထိုလူသားဟာ ခေါင်း ဖြတ်ကွပ်မျက်ခံထားရတယ်လို့ သတ်မှတ်နိုင်တာပဲ ဖြစ်ပါတယ်။

သက်တမ်းအားဖြင့် နှစ်ပေါင်း ၉၀၀၀ ခန့်ကြာနေပြီဖြစ်တဲ့ လူသား ဦးခေါင်း ဟာ ဘရာဇီးလ်နိုင်ငံ အရှေ့ပိုင်းက Lapa do Santo ဆိုတဲ့ဒေသမှာ တူးဖော်တွေ့ရှိခဲ့တာဖြစ်ပြီး ရှာဖွေတွေ့ရှိခဲ့သူဖြစ်တဲ့ Max Planck တက္ကသိုလ်မှ  ဖြစ်ပေါ်ခြင်းမနုဿဗေဒ ပညာရှင် Andre Strauss ရဲ့ ပြောကြားချက်အရတော့ ထိုဦးခေါင်း ဟာ အကြမ်းဖက် ဖယ်ရှားခြင်း ခံထားရတဲ့ လက္ခဏာ တွေ တွေ့ရတယ်လို့ သိရပါတယ်။

Andre နဲ့ သုတေသီ အဖွဲ့က ထို ဦးခေါင်းကို စစ်ဆေးလိုက်တဲ့အခါမှာ လည်ပင်းနား တစ်ဝိုက်မှာ ဦးခေါင်းကို ဖြတ်ထုတ်ထားတဲ့ ထိခိုက်ဒဏ်ရာတွေကို တွေ့ရှိရပြန်ပါတယ်။ အဲဒီလို ခေါင်းဖြတ်ရခြင်း အကြောင်းအရင်းကို မသိရသေးပါဘူး။

ထို ဦးခေါင်းကို ရှာတွေ့ခဲ့တဲ့ ဒေသဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀၀ တုန်းကတော့ အမဲလိုက် လူ့အဖွဲ့အစည်းတွေနေထိုင်ခဲ့ရာဖြစ်ပြီး ထို ဦးခေါင်းခွံဖြတ်ထားတဲ့ ပုံစံကို ကြည့်ခြင်းအားဖြင့်တော့ ထိုအချိန်တုန်းက ထို ဒေသမှာ နေထိုင်ခဲ့တဲ့ လူတွေရဲ့ ဘ၀တွေကို ခန့်မှန်းကြည့်နိုင်ခဲ့ပါတယ်။

ထို ဦးခေါင်းနဲ့ ဆက်စပ်နေတယ်လို့ ခန့်မှန်းရတဲ့ လက် အရိုးစု တွေကိုတော့ ထို ဦးခေါင်းနဲ့ ၂ ပေခန့်အကွာမှာတွေ့ခဲ့ရပြီး ထို လက်မှာတွေ့ရှိခဲ့ရတဲ့ အမှတ်အသား ၂ ခု အရ ထို ဦးခေါင်းဖြတ်ခံရသူဟာ ဘာသာရေး အခမ်းအနားတစ်ခုရဲ့ အစိတ်အပိုင်းအဖြစ် ကွပ်မျက်ခြင်းခံခဲ့ရတာ ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment