Powered by Blogger.

ခွေးတွေနဲ့ အတူ ငြိမ်ငြိမ်လေး ဆယ်လ်ဖီ ဓါတ်ပုံရိုက်ကူးနိုင်မယ့် Selfie Stick တစ်မျိုးထွက်ပေါ်




ခွေးတစ်ကောင်ကို ဓါတ်ပုံတစ်ပုံရိုက်ရန်အတွက် ငြိမ်ငြိမ် လေးထိုင်နေခိုင်းဖို့ ခက်ပါတယ်။ ဒါ့အပြင် ခွေးတစ်ကောင်အား ကင်မရာ ကို စိုက်ကြည့်နေခိုင်းဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။

ဒါပေမယ့် အခုတော့ ကုမ္မဏီ တစ်ခုက ခွေးချစ်သူတွေအတွက် သူတို့ချစ်တဲ့ခွေးတွေနဲ့အတူ အကောင်းဆုံး ဓါတ်ပုံတွေ လွယ်ကူစွာ ရိုက်ကူးနိုင်မယ့် ဆယ်လ်ဖီ စတစ်ခ် အသစ် တစ်မျိုးကို တီထွင်ထုတ်လုပ်လိုက်ပါတယ်။

ခွေးတွေဟာ တင်းနစ် ဘောလုံးနဲ့ တွေ့ရင် မနေနိုင်ပဲ စိုက်ကြည့်နေတတ်တဲ့ အချက်ကို အခွင့်ကောင်းယူပြီး ကုမ္မဏီက Pooch Selfie လို့ခေါ်တဲ့ စမတ်ဖုန်းထိပ်မှာ တင်းနစ်ဘောလုံးတစ်လုံး တပ်ဆင်ထားတဲ့ ဆယ်လ်ဖီ စတစ်ခ် ကို ထုတ်လုပ်လိုက်တာပဲဖြစ်ပါတယ်။

ကုမ္မဏီက အခိုင်အမာဆိုထားတာကတော့ ထို ဆယ်လ်ဖီ စတစ်ခ် ကို ဖုန်းမှာ တပ်ဆင်လိုက်တဲ့အခါ ခွေးဟာ ဘောလုံးကိုသာ စိုက်ကြည့်နေမှာဖြစ်တဲ့အတွက် ခွေးပိုင်ရှင်အနေနဲ့ မိမိခွေးနဲ့ အတူ ဆယ်လ်ဖီ ဓါတ်ပုံတစ်ပုံ ငြိမ်သက်စွာ ရိုက်ကူးနိုင်လိမ့်မယ်ဆိုတာပါပဲ။

"ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ခွေးတွေကို အရမ်ချစ်ကြပါတယ်။ အိမ်မွေးတိရိစ္ဆာန် ချစ်မြတ်နိုးသူတွေအဖြစ် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ခွေးတွေနဲ့ အတူ ဓါတ်ပုံပေါင်းများစွာ ရိုက်ကးချင်ပေမယ့် ကိုယ့်ကိုကိုယ် မကူညီနိုင်ဖြစ်နေခဲ့ရပါတယ်။ တစ်ခါတစ်လေ သင်ဟာ သင့်ရဲ့ခွေးလေးနဲ့ အတူရိုက်ထားတဲ့ ဓါတ်ပုံကို ကမ္ဘာကြီးနဲ့အတူ ဝေမျှချင်နေမှာပါ။ဒီပြသနာကို ဖြေရှင်းနိုင်ဖို့အတွက် ကျွန်တော်တို့ဟာ ဂုဏ်ယူစွာနဲ့ Pooch Selfie ကို မိတ်ဆက်ပေးလိုက်ပါတယ်" လို့ အဆိုပါ ထုတ်လုပ်သူ ကုမ္မဏီက သူတို့ရဲ့ Kickstarter စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment