Powered by Blogger.

ချီလီနိုင်ငံမှာ ငလျင်လှုပ်ခတ် ခဲ့ပြီး ဆူနာမီ သတိပေးချက် ထုတ်ပြန်ထား






ချီလီနိုင်ငံ မြောက်ပိုင်း ကမ်းခြေကို ၈.၃ မဂ္ဂနီကျု ပြင်းအားရှိတဲ့ ငလျင်တစ်ခု ဖြစ်ပေါ်ပြီးတဲ့နောက် အင်အားကြီးမားတဲ့ ဆူနာမီ တစ်ခု ဖြစ်ပေါ် ဦးမယ်လို့ ချီလီနိုင်ငံ မှာ သတိပေးထားပါတယ်။

ဟာဝိုင်အီ နဲ့ ကယ်လီဖိုးနီးယား ပြည်နယ် ဒေသ အချို့မှာလည်း ပစိဖိတ် ဆူနာမီ သတိပေး ဌာန ရဲ့ အကြံပေးခြင်းကို ခံထားရတယ်လို့ သိရပါတယ်။ ထို ချီလီ မှာ ဖြစ်ပွားခဲ့တဲ့ ငလျင် ကြောင့်လည်း လူဦးရေ ၁ သန်း ခန့် က အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့လည်း သိရပါတယ်။

မနေ့ညက ဖြစ်ပွားခဲ့တဲ့ ထို ချီလီ ငလျင်မှာ လူ ၅ ယောက် သေဆုံးခဲ့တယ်လို့ သိရပြီး ချီလီ နိုင်ငံ ရဲ့ မြို့တော် Santiago မှာ ရှိတဲ့ အဆောက်အဦး တစ်ချို့ လည်း ထိခိုက်မှု တွေ ဖြစ်ခဲ့သလို အာဏာပိုင်တွေကိုလည်း ဆူနာမီ နဲ့ ပတ်သက်ပြီး သတိပေးမှု တွေ ထုတ်ပြန်စေဖို့ ဖြစ်လာခဲ့ပါတယ်။

ပြည်သူတွေဟာလည်း ဆိပ်ကမ်း နဲ့ မနီးတဲ့ မြို့တွေကို ပြောင်းရွှေ့နေထိုင်နေရသလို သူတို့ရဲ့ ကားတွေကိုလည်း ပိုမို မြင့်မားတဲ့ ကုန်းမြေ တွေဆီသို့ ပြောင်းရွှေ့ထားကြပါတယ်။

"သဘာဝ တရားရဲ့ ပြင်းထန်တဲ့ ပေါက်ကွဲမှု တစ်ခုကို ကျွန်ုပ်တို့ နောက်တစ်ကြိမ် ရင်ဆိုင်ရဦးမှာပါ" လို့ ချီလီနိုင်ငံ ရဲ့ အမျိုးသမီး သမ္မတ ဖြစ်သူ Michelle Bachelet က သတင်းထုတ်ပြန်ချက်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ သူမရဲ့ ပြောကြားချက်အရတော့ ငလျင် ကြောင့် လူ ၃ ဦးသေဆုံးခဲ့ရတယ်လို့ ဆိုထားပါတယ်။

တရားဝင် သတင်းထုတ်ပြန်ချက်တွေအရလည်း ချီလီ တစ်နိုင်ငံလုံးမှာ ရှိတဲ့ စာသင်ကျောင်းတွေကို ယာယီ ပိတ်ထားတယ်လို့ သိရပါတယ်။

ဆူနာမီ သတိပေးချက်ကြောင့် မြင့်မားတဲ့ ကုန်းမြေ ပေါ် ရွှေ့ပြောင်းနေကြသူများ

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment