Powered by Blogger.

မြေပြင်အထက် ၉၈၄ ပေ အမြင့်မှာ ကြိုးတန်း ပေါ် လမ်းလျှောက်ပြခဲ့သူ




သူ့လို အမြင့် မကြောက်တတ်တဲ့လူ ရှားပါတယ်။ ဒီလူဟာ မြေပြင်အထက် ၉၈၄ ပေ အမြင့်မှာ ကြိုးတန်း ပေါ် လမ်းလျှောက်ပြခဲ့ပါတယ်။

Kane Peterson ဆိုတဲ့ ပုဂ္ဂိုလ်ဟာ သြစတြေးလျ မှာ အမြင့်ဆုံး ကြိုးတန်းပေါ် လမ်းလျှောက်နိုင်သူ အဖြစ်စံချိန်တင်ခဲ့ပါပြီ။ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းခဲ့တာက Peterson ဟာ စတန့်ပြကွက်တွေကို ပါ ပြသခဲ့တာပါ။

သူ့ရဲ့ စတန့် နဲ့ စံချိန်တင်နိုင်အောင် ကြိုးစားပုံတွေကို ဗီဒီယို ရိုက်ကူးထားခဲ့ပြီး ထို ဗီဒီယို ထဲမှာတော့ Peterson ဟာ Melbourne မြို့ အပေါ်မှာ တပ်ဆင်ထားတဲ့ ကြိုးတန်းပေါ် ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းညှိုပြခဲ့တာပဲ ဖြစ်ပါတယ်။

သူဟာ မီတာ ၃၀၀ အရှည်ရှိတဲ့ ကြိုးတန်းပေါ် တစ်ဖြည်းဖြည်း ချင်းတိုးလာခဲ့ပြီး ကြိုးတန်း အကွာအဝေး ရဲ့ အလယ်လောက်အရောက်မှာ သူဟာ ကြိုးတန်းကို ခြေထောက်နဲ့ ချိတ်ထားပြီး လေပေါ်မှာ လှဲအိပ်ပြခဲ့ပြန်ပါတယ်။ မိနစ် အနည်းငယ် လောက် ဟန်ချက်ကို ထိန်းပြပြီးတဲ့နောက် ကြိုးတန်းပေါ် ပြန်တက် ပြီး ဆက်လက် လမ်းလျှောက်ပြပြန်ပါတယ်။

ဒီလိုနဲ့ တစ်ဖြည်းဖြည်းချင်း တစ်ဖက် တိုက်ခေါင်မိုး ပေါ် ပြန်လျှောက်လာတဲ့အခါမှာတော့ တိုက်ခေါင်မိုးပေါ်မှာ ရှိတဲ့ သူ့ရဲ့ သူငယ်ချင်းတွေကို လက်ခုပ်သြဘာ တီးပြီး အားပေးခဲ့ကြပါတယ်။ သူ့ရဲ့ မိဘ တွေက တော့ သူ့ရဲ့ စတန့်ပြကွက်ပြီးပြီးချင်းမှာပဲ သူ့ကို ပြေးဖက်ခဲ့ကြပါတယ်။

Kane Peterson လိုပဲ ကြိုးတန်းပေါ် လမ်းလျှောက်ပြနိုင်ခဲ့သူတွေလည်း ရှိခဲ့ပါတယ်။ တစ်ယောက်ကတော့ ၁၉၇၀ ခုနှစ်က World Trade Center ၂ ခုဖြစ်တဲ့ Twin Towers ၂ ခုကို အမြင့်ပေ ၁၃၅၀ ပေ မှာ ချိတ်ဆက်ပြီး ကြိုးတန်းပေါ်လမ်းလျှောက်ပြခဲ့ဖူးပါတယ်။ ထို ပြင်သစ် နိုင်ငံသား Phillipe Petit ကြောင့်ပဲ Kane Peterson က အခုလို လုပ်ဖို့ စိတ်ကူးရခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီနှစ်အစောပိုင်းမှာတုန်းကလည်း Nik Wallenda ဆိုသူဟာ ပေ ၁၅၆၀ အမြင့်မှာ ၃၃ မိနစ်ကြာ ကြိုးတန်းရှည် ပေါ် လမ်းလျှောက်ခြင်းကို ပြီးစီးအောင်မြင်ခဲ့ဖူးပါတယ်။

သူ့ရဲ့ စတန့် ပြကွက်ကိုတော့ အောက်ပါဗီဒီယို မှာ ကြည့်ရှုနိုင်ပါတယ်။



( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment