Powered by Blogger.

ရေခဲမုန့် ၊ ကျွဲရိုင်းနဲ့ ကွန်ဒုံးတို့ကို အိမ်တိုင်ရာရောက်ပို့ဆောင်ပေးမယ့် 7-Eleven ရဲ့ Date Night Pack




ကမ္ဘာကျော် စတိုးဆိုင်လုပ်ငန်း တစ်ခုဖြစ်တဲ့ 7-Eleven ဟာ သူတို့ဆိုင်တွေရဲ့ အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့ ၀န်ဆောင်မှု အသစ်တစ်ခု ကို မိတ်ဆက် ကြေညာခဲ့ပါတယ်။

အဲဒီဝန်ဆောင်မှုကတော့ "Date Night Pack" လို့ခေါ်ပြီး ညဘက် အတူရှိနေကြတဲ့ စုံတွဲ တွေ ၊ ဇနီးမောင်နှံတွေအတွက် စီစဉ်ပေးထားတာဖြစ်ပါတယ်။ ၀န်ဆောင်ခကတော့ ဒေါ်လာ ၂၀ ကျသင့်မှာ ဖြစ်ပြီး ထို ၀န်ဆောင်မှု မှာ ပို့ဆောင်ပေးမယ့် ပစ္စည်းတွေကတော့ ရေခဲမုန့် ၊ သကြားလုံး ၊ ကျွဲရိုင်း အချိုရည်နဲ့ ကွန်ဒုံးတွေပဲ ဖြစ်ပါတယ်။

7-Eleven စတိုင်းဆိုင်လုပ်ငန်း ဟာ DoorDash လို့ခေါ်တဲ့ ပို့ဆောင်ရေး လုပ်ငန်း တစ်ခု နဲ့ လက်တွဲပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတဲ့ ၀န်ဆောင်မှု ကို စတင်တော့မယ်လို့ ဒီလ အစောပိုင်းက ကြေညာထားတာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ လက်တွဲဆောင်ရွက်ထားတဲ့ ပို့ဆောင်ရေး ၀န်ဆောင်မှု မှာတော့ "Convenience Pack" ဆိုတဲ့ခေါင်းစဉ် နဲ့ Package မျိုးစုံကို ရွေးချယ်နိုင်ပြီး "Date Night Pack" ၀န်ဆောင်မှု ဟာလည်း ထို ၀န်ဆောင်မှု တွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။

ထို "Date Night Pack" ဆိုတဲ့ Package မှာတော့ ဒေါ်လာ ၂၀ တန်ဖိုး အပြင် ပို့ဆောင်ခ ၂ ဒေါ်လာ ကိုပါ ပေးဆောင်ရမှာ ဖြစ်ပြီး ထို Package ထဲမှာ Ben & Jerry's ချော့ကလက် ကွတ်ကီးပါတဲ့ ရေခဲမုန့် ၊ ကျွဲရိုင်း ၁ ဘူး ၊ ပူရှိန်းပီကေ ၁၈ ထုပ် နဲ့ Trojan အမှတ်တံဆိပ် Ultra Thin ကွန်ဒုံး ၃ ထုပ်တို့ကို ထည့်သွင်း ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အရက်နာကျ နေသူတွေအတွက်လည်း "Hangover Pack" ဆိုတဲ့ Package ကို သတ်မှတ်ပေးထားပြီး ထို Package မှာတော့ Acetaminophen အားဆေး ၊ သစ်သီး တွေ ၊ ပီဇာ တစ်ခု နဲ့ အသားညှပ်ပေါင်မုန့် တစ်ခုတို့ကို ထည့်သွင်း ပို့ဆောင်ပေးဦးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ထို ၀န်ဆောင်မှု တွေကိုတော့ လော့အိန်ဂျလိစ် ၊ ချီကာဂို နဲ့ နယူးယော့ခ် မှာ ရှိတဲ့ 7-Eleven စတိုးဆိုင်တွေမှာပဲ ရရှိနိုင်သေးတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment