Powered by Blogger.

မြစ်ကြောင်း တစ်လျှောက် ၃ မိုင်ခွဲအထိ ရွှေဖရုံသီး စီးပြပြီး ကမ္ဘာ့စံချိန်တင်ဖို့ ကြိုးစားခဲ့သူ




မန်ဆာချူးဆက် ပြည်နယ် မှာနေထိုင်တဲ့ အမျိုးသား တစ်ဦးဟာ ၈၁၇ ပေါင် လေးလံတဲ့ ရွှေဖရုံသီး တစ်လုံး ကို စီးနင်းပြီး ရေကြောင်းနဲ့ ၃ မိုင်ခွဲ ခရီးကို လှော်ခတ်စီးနင်း ပြခဲ့ပြီး ကမ္ဘာ့စံချိန် တင်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
အသက် ၄၂ နှစ်ရှိနေပြီဖြစ်တဲ့ Todd Sandstrum ဆိုသူဟာ ၈၁၇ ပေါင် လေးလံတဲ့ ရွှေဖရုံသီး ကို စက်တင်ဘာ ၅ ရက်နေ့မှာ စတင်စီးနင်းပြီး Taunton မြစ်ကြောင်းတစ်လျှောက် လှော်ခတ် သွားရာ ၃ မိုင်ခွဲထိ ခရီးရောက်ခဲ့တယ်လို့သိရပါတယ်။ အမှန်တစ်ကယ်တော့ သူ မျှော်မှန်းထားတဲ့ အကွာအဝေးဟာ ၇ မိုင်ထိ ခရီးရောက်နိုင်ဖို့ပါ။

Sandstrum ဟာ YouTube မှာလည်း  သူ့ရဲ့ ရွှေဖရုံသီးစီးတဲ့ ရေကြောင်းခရီးစဉ် ဗီဒီိယိုကို "Taunton Great River Pumpkin Run" ဆိုတဲ့ ခေါင်းဏသ်တဲ့ တင်ထားခဲ့ပြီး Guinness World Records ဌာနကို ဂရင်းနစ် စံချိန် အဖြစ် သတ်မှတ်ပေးဖို့ လည်း တောင်းဆိုထားပါသေးတယ်။

"ကျွန်တော့် ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းဟာ သာမန်အတိုင်းပဲ ခံစားရပါတယ်။ ဒါပေမယ့် Route 24 တံတားကို တွေ့တဲ့အခါမှာ ကျွန်တော့် လက်မောင်းတွေဟာ သော့ခတ် ခံထားရသလို ခံစားရပြီး လက်တွေလည်း တောင့်တင်းနေပါတယ်။" လို့ Sandstrum က ဆိုပါတယ်။

Sandstrum ရဲ့ ပြောကြားချက်အရတော့ ကမ္ဘာ့စံချိန်တင်နိုင်ဖို့ဟာ ဒုတိယ မြောက် ပစ်မှတ်တစ်ခုသာ ဖြစ်ပြီး သူ့ရဲ့ အဓိက ရည်ရွယ်ချက်ဟာ ကလေးတွေကို စိုက်ပျိုးရေးမှာ စိတ်ဝင်စားလာ စေလိုတာပဲ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment