Powered by Blogger.

ကမ္ဘာကြီးရဲ့ရုပ်ကြွင်းလောင်စာအားလုံးကို သုံးစွဲပစ်လိုက်ပါက ကမ္ဘာ့မြို့ ကြီးအများအပြား ရေအောက်နစ်မြှပ်မည်




လူသားတွေဟာ ကမ္ဘာမှာကျန်ရှိနေတဲ့ရှေးရုပ်ကြွင်းလောင်စာတွေအကုန်လုံးကို လောင်ကျွမ်းသုံးစွဲပစ်လိုက်ပါက လက်ရှိအချိန်မှာ လူဦးရေ တစ်ဘီလီယံကျော်မှီတင်းနေထိုင်နေတဲ့ ကမ္ဘာ့မြို့ ကြီးအများအပြားဟာ တစ်ချိန်မှာ ရေအောက်နစ်မြှပ်သွားမှာဖြစ်ကြောင်း သိပ္ပံပညာရှင်တွေက သတိပေးပြောကြားလိုက်ပါတယ်။

ဓာတ်ဆီ၊သဘာဝဓာတ်ငွေ့ နဲ့ ကျောက်မီးသွေးတွေလောင်ကျွမ်းမှုကထွက်လာတဲ့ ကာဗွန်ထုတ်လွှတ်မှုတွေဟာ အန္တာတိတ်ရေခဲပြင်ချပ်ကြီးတစ်ခုလုံးကို တစ်ချိန်မှာ ပျော်ကျစေပြီး ကြောက်ခမန်းလိလိပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကို ကြုံတွေ့ ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရာသီဥတုပြောင်းလဲမှုလေ့လာရေးအများစုဟာ အန္တာတိတ်အနောက်ပိုင်းရေခဲပြင်အချပ်ကိုပဲ အာရုံစိုက်နေကြချိန်မှာ၊ အန္တာတိတ်တိုက်ရဲ့အရှေ့ ဘက်အချပ်ဟာလည်း အန္တရာယ်ကြုံတွေ့ နေနိုင်ကြောင်း အဆိုပါလေ့လာမှုက ဖော်ပြခဲ့ပါတယ်။

“ အနာဂတ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို မထိန်းချုပ်ဘူးဆိုရင်၊ အန္တာတိတ်က ပင်လယ်ရေမျက်နှာပြင်ပမာဏာဟာ နောက်နှစ်ပေါင်း ၁၀၀၀ အကြာမှာ ၁၀ မီတာလောက် မြင့်တက် လာနိုင်ပြီး နောက်ဆုံးမှာ အန္တာတိတ်ရေခဲပြင်တစ်ချပ်လုံးကို ဆုံးရှုံးရဖွယ်ရှိနေပါတယ်” လို့  ယခုလေ့လာမှုကို ပူးတွဲပြုစုခဲ့သူ ပရော်ဖက်ဆာ Anders Levermann က ပြောကြားခဲ့ပါတယ်။

လူသားတွေဟာ ရှေးရုပ်ကြွင်းလောင်စာတွေကို ဆက်လက်တူးဖော်ထုတ်ယူပြီး လေထုထဲကို ကာဗွန်ဒိုင် အောက်ဆိုဒ်အနေနဲ့ ဆက်မထုတ်သင့်တော့ကြောင့် ပရော်ဖက်ဆာ Levermann ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ Ken Caldeira က ပြောပြပါတယ်။

“ စွန့် ပစ်ပစ္စည်း CO2 ကို ကောင်းကင်ထဲ စုပြုံထုတ်လွှတ်နေတာကို မရပ်တန့် ဘူးဆိုရင်၊ ယခုလက်ရှိ လူပေါင်း တစ်ဘီလီယံကျော် မှီတင်းနေထိုင်နေတဲ့ မြေပြင်ဟာ တစ်နေ့ ရေအောက်ရောက်သွားရပါလိမ့်မယ်” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

ရေအောက်မြှပ်နိုင်တဲ့မြို့ တွေထဲမှာ တိုကျို၊ဟောင်ကောင်၊ရှန်ဟိုင်း၊ကာလကတ္တား၊ဟမ်းဘတ်နဲ့ နယူးယော့ခ် မြို့ စတဲ့ ကမ္ဘာ့မြို့ ကြီးတွေ ပါဝင်ကြောင်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment