Powered by Blogger.

ဂြိုလ်သားတွေ ရန်က ကာကွယ်နိုင်အောင် အိမ်မှာ အလင်းရောင်တွေတပ်ဆင်ခဲ့တဲ့ အမျိုးသား ဒဏ်ငွေ ရိုက်ခံရ




အမျိုးသား တစ်ယောက်ဟာ သူ့ရဲ့ အိမ်ကို ခဲ ပြားတွေနဲ့ ဖုံးအုပ်ထားပြီး အမြဲတမ်းလည်း ခဲပြားနဲ့ ပြုလုပ်ထားတဲ့ ဦးထုပ်ကို ဆောင်းထားပြီး သူ့အိမ်မှာ တပ်ဆင်ထားတဲ့ စူးရှတဲ့ အလင်းရောင်တန်း ကို လည်း ပိတ်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

အသက် ၇၈ နှစ် ရှိနေပြီဖြစ်တဲ့ Arthur Brown ဆိုသူ ထိုလူ ဟာ  ဂြိုလ်သားတွေရန် က ကာကွယ်နိုင်စေဖို့ဆိုတဲ့ အတွေးနဲ့ သူ့ရဲ့ အိမ်ကို ရောင်ပြန်တွေ ၊ အလင်းရောင်တွေနဲ့ လူတကာ မျက်စိကျိန်းအောင် ပြုလုပ်ထားပြီး အခုတော့ သူ့ရဲ့ လုပ်ရပ်တွေကြောင့် ဒေါ်လာ ၂ သိန်း ဒဏ်ငွေရိုက်ခံရကာ သက်ဆိုင်ရာ အစိုးရ ကို အကြွေးတင်နေရှာပါတယ်။

သူ့ရဲ့ အိမ်နီးချင်း တွေပြောပြချက်အရတော့ သူဟာ သူ့ရဲ့ အိမ်ထဲက ထွက်လာပြီးရင် ဖြတ်သွားဖြတ်လာတွေကိုလည်း မီးအလင်းရောင်နဲ့ လိုက်ထိုး ကြည့်တယ်လို့ သိရပါတယ်။ အဲဒီလို လုပ်ရတဲ့အကြောင်းအရင်းကတော့ လူတွေကို သူက ဂြိုလ်သားတွေလို့ ထင်နေလို့ပါတဲ့။

အိမ်နီးချင်းတစ်ယောက်ဖြစ်တဲ့ Nancy Raich ကတော့ "ဒီလူဟာ ပြသနာ တစ်ခုဖြစ်လာတာ နှစ်နဲ့ချီ ကြာနေပါပြီ။ သူ့မှာ ဂြိုလ်သား တွေကို ကြောက်လန့်တဲ့ ပြသနာ ရှိနေပါတယ်" လို့ဆိုပါတယ်။

ထို ပုဂ္ဂိုလ်ကတော့ အမေရိကန်ပြည်ထောင်စု ၊ Pennsylvania ပြည်နယ် ၊ Hermitage မြို့က ဖြစ်ပြီး မြို့ရဲ့ အုပ်ချုပ်သူ ဖြစ်တဲ့ Gary Hinkson ကတော့ "ဒါဟာ မြို့တော် ပိုင်နက် အတွင်းမှာ ပတ်ဝန်းကျင် နေအိမ်တွေကို ထိခိုက်စေတဲ့ အလင်းရောင် ထုတ်လွှင့်မှုပါ။ ဒါကြောင့် ဒဏ်ငွေကောက်ခံခဲ့တာပါ" လို့ ဆိုပါတယ်။

ထို ပုဂ္ဂိုလ် ရဲ့ လုပ်ရပ်တွေဟာ ဒဏ်ငွေ ရိုက်ပြီးတဲ့နောက် ရပ်တန့်သွားမလားဆိုတာတော့ ဘယ်သူမှ မသိနိုင်သေးပါဘူး။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment