Powered by Blogger.

မက္ကဆီကန် ကမ္ဘာလှည့်ခရီးသွား ၈ ဦး ကို အီဂျစ် လုံခြုံရေး တပ်ဖွဲ့က သူပုန်နဲ့ မှားယွင်းပြီး ပစ်ခတ်




မက္ကဆီကို နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား ၈ ဦးဟာ အီဂျစ် လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကို ခံခဲ့ရပါတယ်။ အကြောင်းအရင်းကတော့ သူတို့ လိုက်ပါစီးနင်းလာတဲ့ ကားတွေဟာ သူပုန်တွေစီးတဲ့ ကားတွေနဲ့ တူနေလို့ပါ။

ထိုကားတွေပေါ်မှာ ပါလာတဲ့ အီဂျစ်နိုင်ငံသား ၄ ဦးကတော့ သေနတ်နဲ့ ပစ်ခတ်ခံရမှု ကြောင့် သေဆုံးသွားခဲ့ပြီး အီဂျစ်နိုင်ငံသား ၈ ယောက်နဲ့ မက္ကဆီကန် နိုင်ငံသား ၄ ယောက်တို့ကတော့ ပစ်ခတ်မှု ကြောင့် ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ အီဂျစ်နိုင်ငံ ပြည်ထဲရေး ၀န်ကြီးဌာန က သတင်းထုတ်ပြန်ထားပါတယ်။

ကမ္ဘာလှည့်ခရီးသွား ၂၂ ယောက် လိုက်ပါလာတဲ့ ထို ကားတွေဟာ အီဂျစ်နိုင်ငံ အနောက်ဘက်က ကန္တာရ အနားမှာရှိတဲ့ ကမ္ဘာလှည့်ခရီးသွားတွေ နားခိုရာနေရာမှာ ရပ်နားထားချိန် အီဂျစ် စစ်တပ် ပိုင် လေယာဉ်တွေဟာ အပေါ်စီးကနေ စတင် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ကြောက်လန့်သွားတဲ့ ကမ္ဘာလှည့်ခရီးသွား တွေဟာ သူတို့ရဲ့ ကားတွေထဲက ထွက်ပြေးကြတဲ့အခါမှာတော့ မြေပြင်မှာ ရှိတဲ့ တပ်ဖွဲ့တွေက ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

အီဂျစ် နိုင်ငံ ရဲ တပ်ဖွဲ့ နဲ့ စစ်တပ်တို့ ပူးပေါင်းထားတဲ့ တပ်ဖွဲ့တစ်ဖွဲ့ဟာ အီဂျစ် နိုင်ငံ အနောက်ဘက် ကန္တာ ရ ကို ဖြတ်သန်းသွားတဲ့ လက်နက်ကိုင် သူပုန်တပ်ဖွဲ့ ကို လိုက်လံ နှိမ်နင်းနေရင်း မှားယွင်းကာ ကမ္ဘာလှည့်ခရီးသွား တွေကို တိုက်ခိုက်မိခဲ့ခြင်း ဖြစ်တယ်လို့ အီဂျစ် နိုင်ငံ ပြည်ထဲရေး ၀န်ကြီးဌာန က သတင်းထုတ်ပြန်ထားပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment