Powered by Blogger.

အနားမှာလေလည် တဲ့ ရဲအရာရှိတွေကို တရားစွဲလိုက်တဲ့ အိုဘားမားရဲ့ တစ်ဝမ်းကွဲတော်စပ်သူ အမျိုးသမီး




အမေရိကန် သမ္မတ ဘားရက် အိုဘားမား ရဲ့ တစ်ဝမ်းကွဲ တော်စပ်သူ အမျိုးသမီးတစ်ဦးဟာ Metropolitan ရဲတပ်ဖွဲ့ကို စတာလင်ပေါင် ၄ သိန်း ရယူလိုမှုနဲ့တရား စွဲဆိုလိုက်ပါတယ်။ သူမ တရားစွဲဆိုရတဲ့ အကြောင်းအရင်းကတော့ သူမနဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ Metropolitan ရဲ တပ်ဖွဲ့ဝင်အချို့ဟာ သူမကို နှိမ်ချဆက်ဆံမှု နဲ့ သူမ စားပွဲခုံအနားမှာ လေလည်မှုတို့ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

Marie Auma ဆိုသူ ထို အမျိုးသမီးဟာ တရားရုံးမှာ Southwark ရဲစခန်းက ရဲအရာရှိတွေနဲ့ ၀န်ထမ်းတွေဟာ သူမကို အနိုင်ကျင့်ခဲ့ကြတယ်လို့ ဆိုပြီး ရဲအရာရှိ ၂ ဦးကတော့ သူမအနားမှာလာပြီး ဆိုးရွားပြီး ကျယ်လောင်စွာ လေလာလည် ကြတယ်လို့ ထွက်ဆိုခဲ့ပါတယ်။

အသက် ၅၇ နှစ်ရှိနေပြီဖြစ်တဲ့ Marie Auma ဟာ အမေရိကန် သမ္မတ အိုဘားမားရဲ့ ၂၀၀၉ ခုနှစ်က ကျမ်းသစ္စာကျိန်ဆိုပွဲမှာလည်း အိုဘားမားနဲ့ အတူရှိနေခဲ့သူပဲ ဖြစ်ပါတယ်။

သူမ ရဲ့ ပြောကြားချက်အရတော့ နှိမ်ချဆက်ဆံမှုတွေဟာ ၂၀၀၇ ခုနှစ်ကတည်းက စတင်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက သူမဟာ ကင်ညာနိုင်ငံမှာ ယာဉ်တိုက်မှု ကြောင့် သေဆုံးခဲ့ရတဲ့ သူမရဲ့ အစ်ကို ၂ ယောက် ဈာပန အခမ်းအနားကို Metropolitan ရဲတပ်ဖွဲ့က သွားရောက်ခွင့်မပေးခဲ့ဘူးလို့လည်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

ဒါ့အပြင် ရဲအရာရှိ Andy Whiting နဲ့ Ray Clement တိ့ ၂ ယောက်ဟာလည်း သူမရဲ့ အရှေ့မှာ မတ်တပ်လာရပ်ပြီး ကျယ်လောင်တဲ့ အသံတွေနဲ့ လေလည် လေ့ရှိတယ်လို့လည်းထွက်ဆိုထားပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

1 comments:

  1. နေပြည်တော်မှာ တရားသူကြီးတွေဟာ ၀ဏ`ဏ သိဒ္ဒိ အ၀ိုင်းတောင်ဘက် အနေများကြပါတယ် တရားမကျင့်ထုံး ဥပဒေ ပုဒ်မ ၄၈(၂)(က) နဲ့ အရဇာရီအတည်ပြုပေးဘို့စွဲဆိုထားတဲ့ အချင်းဖြစ်မြေနဲ့ ပတ်သက်တဲ့နေရာက အ၀ိုင်း မြောက်ဖက်မှာပါ မျက်စေ့အောက်တွင် မြင်နေရတဲ့ အမှန်တရားကို အုပ်ချုပ်ရေးမှူးများ နေပြည်တော် တရားသူကြီးများ ပူးပေါင်း ပြီး အချိန်ကုန် ငွေပန်းလူပန်း စိတ်ပင်ပန်းအောင် ၀ိုင်းနှိပ်စက်ကြခြင်းက လွန်စွာမှ မတရားသဖြင့် ကူညီကြပါရန်

    ReplyDelete