Powered by Blogger.

ခင်ပွန်းသည် ကို LED ကြော်ငြာဆိုင်းဘုတ်တွေမှာ စာရေးပြီး လမ်းခွဲခဲ့တဲ့ ဇနီးသည်




သမီးရည်းစားတွေ ၊ အိမ်ထောင်သည် တွေ လမ်းခွဲပြတ်စဲ ကြတဲ့အခါမှာ ဒီနည်းလမ်းဟာ အကောင်းဆုံး ဖြစ်နိုင်ပါတယ်။

အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ခင်ပွန်းက နောက်ကွယ်မှာ ဇာတ်လမ်းတွေ ရှုပ်နေတာကို သိရှိသွားတဲ့အခါမှာ ဒေါသဖြစ်သွားခဲ့ပြီး သူမတို့ရဲ့ အိမ်ထောင်ရေး ကို ချက်ချင်း အဆုံးသတ်လိုက်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါကြောင့် သူမရဲ့ ခင်ပွန်းကို အရှက်တကွဲ အကျိုးနည်းဖြစ်အောင် လုပ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပြီး သူမရဲ့ ခင်ပွန်းကို M1 ကားလမ်းပေါ်မှာ ရှိနေတဲ့ ကြီးမားတဲ့ LED ဆိုင်းဘုတ်တွေမှာ သူမ ပြောချင်တာတွေ ကို ရေးသားပြီး ပြသစေခဲ့ပါတယ်။

Lisa ဆိုတဲ့ ထိုအမျိုးသမီးဟာ Sheffield မြို့ ကားလမ်းဘေး တစ်ဖက်တစ်ချက်မှာရှိတဲ့ ၁၅ ပေ x ၁၀ ပေ ကြော်ငြာဆိုင်းဘုတ် ရာပေါင်းများစွာ မှာ သူမ ပြောချင်တာတွေကို သူမရဲ့ ခင်ပွန်းဖြစ်သူ Paul မြင်တွေ့နိုင်စေရန် ရေးသားပြသခဲ့တာကြောင့် ဖြတ်သွားဖြတ်လာတွေဟာလည်း သဘောကျသွားခဲ့ရပါတယ်။

Amada Whaley ဆိုတဲ့ Twitter အသုံးပြုသူတစ်ဦးက "မိုက်တယ်။ဟားဟား။သိပ်ကောင်းတဲ့လုပ်ဆောင်ချက်ပဲLisa" လို့ ရေးသားခဲ့သလို Skype Harborne ဆိုသူကလည်း "ငါအခုချိန်မှာPaul ဖြစ်ရမှာ အမုန်းဆုံးပဲ" လို့ရေးသားထားပြန်ပါတယ်။

ထိုအမျိုးသမီး က ကြော်ငြာဆိုင်းဘုတ်တွေမှာ ရေးသားထားတာကတော့ "ငါ့ရဲ့ဖောက်ပြန်တဲ့ယောကျာင်္းPaulအတွက်၊ရှင်ဟာအပြန်အလှန်သက်ရောက်မှုနဲ့ထိုက်တန်ပါတယ်။ရှင်အိမ်ပြန်လာတဲ့အခါမှာကျွန်မအိမ်မှာမရှိတော့ပါဘူး။ရှင်ကားမောင်းပြီးအလုပ်သွားရတာပျော်ရွှင်ပါစေ,Lisa" လို့ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment