Powered by Blogger.

သေဆုံးဖို့အတွက် အကောင်းဆုံးနေရာက ဗြိတိန် ဖြစ်ပြီး အဆိုးဆုံးနေရာက အိန္ဒိယ ဖြစ်နေ




လူတိုင်း သေဆုံးကြရမှာဖြစ်ပါတယ်။ အားလုံးဟာ အချိန်ကြာကြာ အသက်ရှင်နိုင်သမျှရှင်ချင်ကြပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဘ၀ကို အဆုံးသတ်ချင် ကြပါတယ်။ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းကောင်းမွန်စွာ ဘ၀ချုပ်ငြိမ်းနိုင်ဖို့ဆိုတာ စိန်ခေါ်မှုတစ်ခုလိုပါပဲ။

ကမ္ဘာ့နိုင်ငံတွေရဲ့ ပြုစုစောင့်ရှောက်ရေးနဲ့ ကုသရေးအရည်အသွေးတွေပေါ်မှာ မူတည်ပြီး သေဆုံးမှုပုံစံအရည်အသွေးတွေကို စစ်တမ်းကောက်ယူချက်အရ အစီရင်ခံစာအသစ်တစ်ရပ် ထွက်ပေါ်လာပါတယ်။ ဗြိတိန် ကတော့ အားလုံးရဲ့ ထိပ်ဆုံးမှာရှိနေပြီး ကျန်တဲ့ ထိပ်တန်းစာရင်းဝင် ၁၀ နိုင်ငံကတော့ အနောက်ဘက် ချမ်းသာတဲ့ နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ အိုင်ယာလန်၊ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ် စတဲ့နိုင်ငံတွေက နေရာယူထားပါတယ်။

သြစတျေးလျကတော့ နံပါတ် ၂ နေရာမှာ ရှိနေပြီး နယူးဇီလန်နဲ့ ထိုင်ဝမ်တို့ကတော့ အနောက်ဘက်နိုင်ငံတွေမဟုတ်ဘဲ ထိပ်တန်း၁၀နိုင်ငံစာရင်းမှာ ပါဝင်နေတာဖြစ်ပါတယ်။ ကနေဒါကတော့ နံပါတ် ၁၁ နေရာမှာပါ။

သေဆုံးမှုပုံစံအရည်အသွေး အဆိုးဆုံးနိုင်ငံတွေကတော့ အိန္ဒိယအပါအ၀င် မက်ဆီကို၊ ဘရာဇီးလ် နဲ့ ယူဂန္ဓာနိုင်ငံတွေ ဖြစ်ကြပါသတဲ့။ ဒါပေမယ့် ဒီနိုင်ငံတွေရဲ့ ကူညီလုပ်ဆောင်ရွက်မှု နိမ့်ကျတာချည်းကြောင့် မဟုတ်ပါဘူး။ ဘ၀နေ၀င်ချိန် ကူညီစောင့်ရှောက်မှုဟာ စစ်ဆေးချက်အညွှန်းကိန်းတွေအရ နိုင်ငံပေါင်း ၈၀ မှာ ၃၄ နိုင်ငံကသာ ပုံမှာထက်သာလွန်ရုံ အခြေအနေမှာ ရှိနေတာကြောင့် ဖြစ်ပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းဟာ ကောင်းမွန်မှန်ကန်တဲ့ ပြုစုကုသစောင့်ရှောက်မှုတွေကို မရရှိကြပါဘူး။

အင်္ဂလန်ရဲ့ ဘ၀နေ၀င်ချိန် ပြုစုကုသစောင့်ရှောက်ရေး ၀န်ဆောင်မှုတွေရဲ့ ၉၀ရာခိုင်နှုန်းဟာ ကောင်းမွန်တဲ့အခြေအနေနဲ့ ထူးခြားကောင်းမွန်တဲ့ အခြေအနေတွေရှိတယ်လို့ Care Quality Commission စောင့်ကြည့်လေ့လာရေးအဖွဲ့က အတည်ပြုပေးထားလို့ ဗြိတိန် ဟာ နံပါတ်တစ်နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment