Powered by Blogger.

ကြိုးလေးတစ်ချောင်းထဲသုံးပြီး မိုးမျှော်အဆောက်အဦး ထိပ်မှာ အမိုက်စားဓါတ်ပုံတွေ တက်ရိုက်ခဲ့တဲ့ကျောင်းသားလေး



စွန့်စားသူ Alexey Kuznin


Alexey Kuznin ဟာ ရိုးရိုးကြိုးလေးတစ်ချောင်းကိုသုံးပြီး ၅၁၂ ပေအမြင့်ရှိ မိုးမျှော်တိုက်ထိပ်ကိုတက်ပီး သူရဲ့ဘော်ဒါနဲ့အတူ ဓါတ်ပုံတွေရိုက်ကူးခဲ့တာဖြစ်ပါတယ်။

အသက် ၁၉နှစ်အရွယ် ခပ်မိုက်မိုက်ကောင်ကလေး Alexey Kuznin ဟာ၅၁၂ ပေအမြင့်ရှိ မိုးမျှော်တိုက်ထိပ်ကို ရိုးရိုးကြိုးလေးတစ်ချောင်းကိုသုံးပြီး တက်ခဲ့တာဖြစ်ပြီး တစ်ရေးတမောအိပ်နေတဲ့ပုံကိုတောင် ရိုက်ကူးခဲ့လို့ စူပါစတားဖြစ်နေပါပြီ။





ဒါပေမယ့် သူ့ကို ဓါတ်ပုံတွေ ရိုက်ပေးခဲ့တဲ့ သူရဲ့ဘော်ဒါ Alexander Voskresenksy ၂၃နှစ်ကတော့ အမြင့်ကြောက်တတ်သူဖြစ်ပြီး ဓါတ်ပုံတွေရိုက်ဖို့ ခက်ခက်ခဲခဲတက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဂျင်းဘောင်းဘီအပြဲနဲ့ မော်စကိုတာဝါထိပ်က ပြန်ဆင်းလာတဲ့ သူက “ ကျွန်တော် တက်ခါစက အမြင့်ကြီးမို့ ကြောက်ခဲ့ပါတယ်။ ဒါပေမယ့် တဖြည်းဖြည်းအသားကျသွားပီး ရှုခင်းတွေကလည်း ရှယ်ပဲလေ” လို့ပြောပါတယ်။




ဓါတ်ပုံဆရာ Alexander Voskresenksy



( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment