Powered by Blogger.

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်သူ အမျိုးသားထောင်ပေါင်းများစွာကို ပြန်တိုက်ခဲ့သော မိန်းကလေး




မိန်းကလေးအများစုဟာ သူတို့ရဲ့ဘဝမှာ တစ်နည်းမဟုတ် တစ်နည်းနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံနေကြရပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုလာနှောင့်ယှက်တဲ့ သူနဲ့ ရက်ဖက်ဖြစ်ရမှာထက် တိုက်ခိုက်လာတဲ့ မှတ်ချက်တွေကို လျစ်လျူရှုဖို့ ကိုပဲ မိန်းကလေးတော်တော်များများက ရွေးချယ်တတ်ကြပါတယ်။

ဒါပေမဲ့ ပရောဖက်ရှင်နယ် တယောသမား Mia Matsumiya ဆိုသူ မိန်းကလေးကတော့ လူမှုမီဒီယာ ပေါ်မှာ မနှစ်မြို့ဖွယ်မှတ်ချက်တွေကို ၁၀နှစ်တာ ခံစားခဲ့ပြီးရတဲ့နောက် သူမကို နှုတ်ကနေတိုက်ခိုက်လာသူ ယောကျာ်းတွေအား ဆန့်ကျင်ခုခံဖို့ကို လုပ်ခဲ့ပါတော့တယ်။

ပြီးခဲ့တဲ့လက၊ အသက် ၃၅နှစ်အရွယ် ဂီတသမား Mia Matsumiya ဆိုသူဟာ ‘Perv Magnet’ အမည်နဲ့ Instagram စသုံးခဲ့ပါတယ်။ နှာဗူးတွေ၊ အမဲလိုက်တွေ၊ အရူးတွေဆီကလာတဲ့ မက်ဆေ့ခ်ျပုံ ၁၀၀၀ ကို screenshots ရိုက်ပြီး Instagram မှာတင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တာအတွင်း ရရှိခဲ့တဲ့ မက်ဆေ့ခ်ျတွေပါ။

Mia ဟာ အရက် ၄ပေ ၉လက်မရှိတဲ့ အာရှ-အမေရိကန် လူမျိုးတစ်ယောက်ပါ။ လက်မခံနိုင်စရာ၊ လူမဆန်တဲ့ ဒီလိုနှောင့်ယှက်မှုပေါင်းများစွာ ကို ဆက်တိုက်ခံစားခဲ့ရတာဟာ သူမအတွက် အိပ်မက်ဆိုးတစ်ခုဖြစ်ခဲ့ပါတယ်။

“ကျွန်မဘဝ ကာလအများစုမှာ နှောက်ယှက်ခဲ့တဲ့ အာရှသားလိင်စွဲမက်သူတွေ၊ ကလေးလိင်စွဲမက်သူတွေ၊ လူမျိုးရေးခွဲခြားသူတွေ၊ အမဲလိုက်တွေ၊ လိင်ပိုင်းဆိုင်ရာတွေကို ပိုင်စိုးပိုင်နင်း ဘယ်လိုမှတ်ချက်ပေးရမယ်ဆိုတာ သိပ်သိတဲ့သူတွေ ကို ပြန်လည်တိုက်ခိုက်လိုက်တာပါ။” လို့ Mia ကပြောပါတယ်။

Mia ရရှိခဲ့တဲ့ မက်ဆေ့ခ်ျတွေထဲမှာ မုဒိန်းကျင့်တာ၊ အသက်အန္တရာယ်ခြိမ်းခြောက်တာ တွေပါ ပါပါတယ်။ ဒီလိုနှောင့်ယှက်မှုတွေကို မခံစားနိုင်တော့တဲ့အဆုံး တစ်ခုခုလုပ်ဖို့ကို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

“ကျွန်မအရမ်းဒေါသထွက်တယ်။ လူတစ်ယောက်ကို ဒီလိုနည်းနဲ့ ခြိမ်းခြောက်တယ်ဆိုတာ လက်မခံနိုင်စရာပဲ။ လူမျိုးခွဲခြားသူတွေ၊ မိန်းကလေးတွေကို နှိမ်တဲ့သူတွေ ရှိတယ်ဆိုတာကို လူတွေက ငြင်းလေ့ရှိကြတယ်။ ဒါပေမဲ့ ကျွန်မက နေ့တိုင်းလိုလို အတိုက်ခိုက်ခံနေရတာ၊ ဒီမှာ ကျွန်မရဲ့ သက်သေပဲလေ။” လို့ Mia ကပြောပါတယ်။

Instagram အသုံးပြုသူတစ်ယောက်ရဲ့ ဆိုးဆိုးရွားရွား မက်ဆေ့ခ်ျတစ်ခုကတော့ “အာရှသူတစ်ဦးနဲ့ ငါဘယ်တုန်းကမှ ချိန်းမတွေ့ဖူးဘူး။ တစ်ချိန်ချိန် ချိန်းတွေ့နိုင်မလားဆိုတာ ငါသိချင်တယ်။ အာရှသူမကြုံဖူးတဲ့ ငါ့ကို အခွင့်အရေးယူပြီး ထာဝရဂုဏ်ယူလိုက်စမ်းပါကွာ။” လို့ပဲဖြစ်ပါတယ်။

“ကျွန်မရခဲ့တဲ့ အာရုံစိုက်ခံရမှုတွေကို ကြွားဖို့ အကောင့်သုံးနေတယ်လို့ တချို့သူတွေက ထင်ကြတယ်။” လို့တော့ သူမက ပြောခဲ့ပါတယ်။









( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref:Daily Mail



Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment