Powered by Blogger.

ပျောက်ဆုံးနေတဲ့ မလေးရှား MH370 လေယာဉ် အပိုင်းအစတွေကို ဖိလစ်ပိုင်မှာ ရှာဖွေတွေ့ရှိ




အရိုးစုတွေပြည့်နေပြီး မလေးရှား အလံ ကို ဆေးသုတ်ခြယ်ထားတဲ့ လေယာဉ်ပျက် တစ်စီးကို ဖိလစ်ပိုင် နိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ထို ရှာဖွေတွေ့ရှိမှုဟာ ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 ပဲ ဖြစ်နိုင်တယ်လို့ ထင်မြင်ချက်ပေးနေကြပြီး အသေးစိတ် အချက်အလက်တွေကိုတော့ ပြောကြားထားခြင်းမရှိသေးပါဘူး။

မလေးရှားနိုင်ငံက အသံဖမ်းနည်းပညာရှင်တစ်ယောက်ဖြစ်တဲ့ Jamil Omar ကတော့ ရဲတပ်ဖွဲ့ဝင်တွေကို သူ့ရဲ့ အဒေါ်ဖြစ်သူက အိန္ဒိယ သမုဒ္ဒရာ ရဲ့ အနောက်ဘက်က Reunion ဆိုတဲ့ ကျွန်းစွယ် တစ်ခုအပေါ်မှာ လေယာဉ် အပိုင်းအစ တွေတွေ့တယ်လို့ အကြောင်းကြားခဲ့ရာမှာတော့ ထို အစိတ်အပိုင်းတွေဟာ MH370 ရဲ့ အတောင်ပံ အပိုင်းတွေဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။

ရဲချုပ်ဖြစ်တဲ့ Jalaludin Avdul Rahman ကတော့ "Jamil က အခိုင်အမာပြောပြခဲ့တာက သူ့ရဲ့ အဒေါ်ဖြစ်သူဟာ လေယာဉ်အစိတ်အပိုင်းတွေရှာတွေ့ခဲ့ပြီး လူအရိုးစုတွေအများကြီး ပါဝင်နေပါတယ်" လို့ ဆိုခဲ့ပါတယ်။

ထို လေယာဉ်ပျက် အပိုင်းအစပေါ်မှာတော့ လက်မ ၇၀ ရှည်ပြီး ၃၅ လက်မ ကျယ်ဝန်းတဲ့ မလေးရှားနိုင်ငံ အလံကိုလည်း ဆေးသုတ်ခြယ်ထားတယ်လို့ Jamil ရဲ့ အဒေါ်က ပြောပြခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကတော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ထို မလေးရှားလေယာဉ် ပျက်ကျမှုရဲ့ အစိတ်အပိုင်းတွေဟာ Reunion ကျွန်းပေါ်ရောက်ရှိနေဖို့ဆိုတာတော့ မလွယ်ကူပါဘူး။ အခြားဖြစ်နိုင်ချေရှိတဲ့ Borneo လို ကျွန်းစွယ်တွေလည်း များစွာရှိနေတဲ့အတွက်ပါ။

ကျွမ်းကျင်သူ အချို့ကတော့ လေယာဉ်ဆင်းသက်ဖို့ ကြိုးစားစဉ်တုန်းက အတောင်ပံ အစိတ်အပိုင်းတွေပျက်စီး လွင့်စင်လာတာဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

2 comments:

  1. သတင်းမရေးခင် ခေါင်းနယ့်လဲ သေခြာစဉ်းစားပါအုန်း ဒိကျွန်းနယ့် ဖိလစ်ပိုင် ဘယ်လိုမှ ဆက်စပ် မူ့မရှိတယ့်နေရာ

    ReplyDelete
  2. http://www.dailymail.co.uk/news/article-3269008/Plane-wreckage-containing-skeletons-painted-Malaysian-flag-remote-Philippine-island-fuelling-speculation-MH370.html <<<< You can read the original story here <<< we are just translating and that is not our opinion.

    ReplyDelete