Powered by Blogger.

အထက်တန်း ကျောင်းထဲမှာ ညစ်ညမ်းရုပ်ရှင် ရိုက်ကူးရန် မှားယွင်းစွာ ခွင့်ပြုမိခဲ့




သင့်ကျောင်းက ဆရာ ၊ ဆရာမ တွေက သင့်ကို ကျောင်းအားလပ်ရက်မှာ ကျောင်းကို ပြည်တွင်း တက်ကြွလှုပ်ရှားသူအဖွဲ့တွေဆီကို ငှားထားတယ်လို့ ပြောလာရင် အဲဒီအဖွဲ့အစည်းကို သိတာ သေချာလားဆိုတာ စဉ်းစားပါ။

အခုလည်း လော့အိန်ဂျလိစ် မြို့မှာ ရှိတဲ့ ကျောင်းတစ်ကျောင်းဟာ ရုပ်ရှင် ရိုက်ကူးရေး အဖွဲ့တစ်ဖွဲ့ကို ကျောင်း အဆောက်အဦးတွေနဲ့ ကျောင်းပိုင်မြေ အား အခကြေးငွေယူပြီး ငှားရမ်းခဲ့ရာမှာ ရိုက်ကူးရေး အဖွဲ့ ပိုင်ရှင်တွေကတော့ အလွန်အမင်း ၀မ်းသာခဲ့ရပါတယ်။

အကြောင်းအရင်းကတော့ ထိုရုပ်ရှင် ရိုက်ကူးရေးအဖွဲ့ဟာ Porno (ညစ်ညမ်းရုပ်ရှင်ဇာတ်လမ်း) တွေကို ကျောင်းဝင်းအတွင်းမှာလာရောက် ရိုက်ကူးသွားတာပဲ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Revenge of the Petites ဆိုတဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသူတွေသာ ကြည့်ခွင့်ရတဲ့ ရုပ်ရှင် ဇာတ်လမ်းဟာ လော့အိန်ဂျလိစ် မြို့မှာရှိတဲ့ Alexander Hamilton အထက်တန်းကျောင်းမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး NBC4 စုံထောက်အဖွဲ့က အခိုင်အမာဆိုခဲ့တာကတော့ ထိုရုပ်ရှင် ဇာတ်လမ်းရဲ့ ထုတ်လုပ်သူဟာ ကျောင်းဝင်းရဲ့ ကားပါကင်မှာ အမျိုးသမီးတွေ အ၀တ်ဗလာနဲ့ ကားရေဆေးနေတဲ့ အခန်းတွေကို ထည့်သွင်း ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ကျောင်းအာဏာပိုင်တွေရဲ့ ပြောကြားချက်အရတော့ သူတို့ ဟာထို ရုပ်ရှင်ရဲ့ သဘောတရားကိုလည်း ကြိုတင်သိရှိထားခြင်းမရှိသလို အသက် ၁၈ နှစ်ပြည့်ပြီးသူတွေသာ ကြည့်နိုင်မယ့် ဇာတ်လမ်းမျိုး ရိုက်ကူးမယ်ဆိုရင် သူတို့ဟာ ခွင့်ပြုခဲ့မှာ မဟုတ်ဘူးလို့ ဆိုထားကြပါတယ်။

အခုတော့ သူတို့ဟာ ထိုရုပ်ရှင်ထဲက ကျောင်းဝင်းအတွင်းမှာ ရိုက်ကူးသွားတဲ့ ဇာတ်ဝင်ခန်းတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုထားကြတယ်လို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း တရားရုံးက ပြောကြားခဲ့တာကတော့ ထို ရုပ်ရှင်ရိုက်ကူးမှုဟာ စာသင်ကြားခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်လားဆိုတာကြည့်ဖို့ အရေးကြီးပြီး အကယ်၍ အနှောင့်အယှက်မဖြစ်ခဲ့ရင်တော့ ရုပ်ရှင်ရိုက်ကူးမှုတိုင်းဟာ ကျောင်းတိုင်းနဲ့ လျော်ညီတယ်လို့ ဆိုထားပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment