Powered by Blogger.

ရဲတွေ လိုက်ဖမ်းတာကို တိမ်းရှောင်ဖို့အတွက် ပင်လယ်ထဲ တည့်တည့် ကား မောင်းပြေးတဲ့ ကားသူခိုး




သြစတြေးလျ နိုင်ငံမှာ ကားသူခိုး လို့ သံသယ ရှိခံရသူတစ်ဦးဟာ ရဲတွေ လိုက်ဖမ်းတာကို တိမ်းရှောင်ဖို့အတွက် ပဟေဠိဆန်တဲ့ နည်းဗျူဟာ တစ်ခုကို အသုံးချသွားတဲ့အတွက် ရဲ တွေပါ အံ့အားသင့်သွားရပါတယ်။ အဲဒီ ကားသူခိုး ရဲ့ နည်းဗျူဟာ ကတော့ ပင်လယ်ထဲကို တည့်တည့်ကြီး ကားကိုမောင်းချသွားတာပါပဲ။

ရဲတွေကတော့ ဒီ ကားသူခိုးကို ဖမ်းဖို့အတွက် ပင်လယ်ထဲထိုးဆင်းသွားတဲ့ ထိုကားကို ၀န်ချီနဲ့ ပြန်ဆွဲတင်လိုက်ရင်ရပြီလို့ ထင်လိုက်ပါတယ်။ ဒါပေမယ့်လည်း ကားသူခိုးက လက်မလျှော့ပဲ ပင်လယ်ထဲရောက်နေတဲ့ ကားကို ညာဘက်ကို ကွေ့ပြီး ပင်လယ်တစ်လျှောက် သမုဒ္ဒရာဘက်ထိပင် မောင်းသွားဖို့ ကြိုးစားပါသေးတယ်။

ဒါပေမယ့်လည်း ကားသူခိုးတိုင်ပတ်သွားပါတယ်။ ကံမကောင်းစွာနဲ့ပဲ ကားရဲ့ ဘေးဘက် ခရီးသည် ထိုင်ခုံဘက်ခြမ်းက ပြတင်းပေါက် ကို မပိတ်ထားမိတဲ့အတွက် လှိုင်းနဲ့ ပါလာတဲ့ ရေတွေဟာ ကားထဲကိုဝင်လာပြီး ကား ရေမြုပ်သွားပါတော့တယ်။

အဲဒါ ကြောင့် ကားသူခိုးလည်း ကားထဲက အတင်းထိုး ထွက်ပြီး ကားခေါင်မိုးပေါ်တက်ထိုင်နေရပါတော့တယ်။

အဲဒီတော့မှ ရဲအရာရှိ ၂ ယောက်ဟာ ပင်လယ်ထဲဆင်းပြီး ကားသူခိုး ကို ဖမ်းလိုက်ပါတော့တယ်။ ကြည့်ရတာတော့ ကား သူခိုးဟာ ကားခေါင်မိုးပေါ်ကနေ ထပ်ပြီး ထွက်ပြေးဖို့ ကြိုးစားချင်ပုံ ရပါတယ်။ ဒါပေမယ့်လည်း ဒီအခြေအနေကို မှတ်တမ်းတင် စောင့်ကြည့်နေတဲ့ ရဟတ်ယာဉ်တစ်စင်းဟာ ထို ကားသူခိုး ရဲ့ အပေါ်တည့်တည့်မှာ ရှိနေတာကြောင့် သူလည်း လက်လျှော့လိုက်တာဖြစ်မှာပါ။

သြစတြေးလျ အနောက်ပိုင်းဒေသ ၊ ရဲတပ်ဖွဲ့ ရဲ့ ပြောကြားချက်အရတော့ ထိုကားဟာ ပုံမှန်အတိုင်းမဟုတ်ပဲ မောင်းနှင်လာတာကို သတိထားမိလိုက်ကတည်းက ရဲတွေ က တောက်လျှောက် လိုက်ပြီး စစ်ဆေးဖို့ ကြိုးစားနေတာဖြစ်ပြီး ထိုကားကတော့ လုံးဝ မရပ်မနားကို မတည်မငြိမ် နဲ့ မောင်းပြေးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ရဲတွေကတော့ ထိုကားဟာ ခိုးယူလာတာဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment