Powered by Blogger.

စက်ဘီးနင်းပြီး မောင်းနှင်ကာ ဘီယာ သောက်သုံးနိုင်မယ့် Beer Bikes ကို ကယ်လီဖိုးနီးယားမှာ ခွင့်ပြု




အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ရဲ့ မြို့တော်ဝန် Jerry Brown ဟာ "Beer Bikes" လို့ခေါ်တဲ့ လူဦးရေ ၁၅ ယောက်တိတိ စက်ဘီးနင်းပြီး မောင်းနှင်ကာ ဘီယာ သောက်သုံးနိုင်မယ့် ရွေ့လျားဘား တစ်ခုကို လမ်းတွေပေါ်မှာ တရားဝင်ဖွင့်လှစ်ခွင့်ပေးလိုက်ပါတယ်။

တနင်္ဂနွေနေ့တုန်းက Brown ရဲ့ ရုံးခန်းပိုင် Twitter စာမျက်နှာကနေ မြို့တော်ဝန် Jerry Brown နဲ့ သူ့ရဲ့ ဇနီးဖြစ်သူ Anne Gust Brown တို့ဟာ သူတို့ရဲ့ ခွေးကလေး ၂ ကောင်နဲ့အတူ Sacramento မြို့က ရွေးလျားဘီယာဘား ကို ဖွင့်ခွင့်အတွက် လက်မှတ်ရေးထိုးပေးခဲ့ကြတဲ့ ဓါတ်ပုံတွေကို ပြသခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မြို့တော်ဝန် Jerry Brown ဟာ ပြည်နယ် လွှတ်တော်အမတ်တွေ ဖြစ်တဲ့ Richard Pan နဲ့အတူ ထို ရွေ့လျား ဘီယာဘားကို လိုက်ပါစီးနင်းပြီး ဘီယာ သောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ထို Beer Bikes ဆိုတဲ့ စက်ဘီးနင်းပြီး ရွေးလျာအောင်လုပ်ရတဲ့ ဘီယာဘားဟာ Sacramento နဲ့ San Diego မြို့တို့မှာ ရှိတဲ့ ခရီးသွား အဖွဲ့တွေအတွက် ပေါ်ပြူလာအဖြစ်ဆုံး သယ်ယူပို့ဆောင်ရေး စနစ် လည်း ဖြစ်လာခဲ့ပါတယ်။ ထို ဘီယာဘားကြီးဟာ စားသောက်ဆိုင်တွေနဲ့ ဘားတွေရဲ့ စီးပွားရေးကိုပါ ထိခိုက်လာစေတော့မှာပါ။

ဒါပေမယ့်လည်း မြို့တော်ဝန် Brown ရဲ့ ထို စက်ဘီးနင်းရင်းဘီယာသောက်ရတဲ့ ရွေးလျားဘီယာဘား ကိုဖွင့်လှစ်ပေးခဲ့မှုဟာ အခြားပြည်နယ် အစိုးရတွေအတွက်တော့ စက်ဘီးစီးရင်း ယမကာ မှီဝဲခွင့်ရှိသလားဆိုတဲ့ မေးခွန်းမျိုးတွေ မေးစရာရှိလာခဲ့ပါတယ်။



( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment