Powered by Blogger.

ညစ်ညမ်းရုပ်ရှင်(Porn) တက္ကသိုလ် ကို Porn မင်းသား Rocco Siffredi စတင်




ညစ်ညမ်း ရုပ်ရှင်(Porn) တွေထဲမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ဘာတွေ တတ်ထားဖို့လိုအပ်မယ်လို့ သင်ထင်ပါသလဲ? ကမ္ဘာကျော် Porn Star တွေလို အောင်မြင်လာဖို့အတွက်ဆိုရင်တော့ Porn သရုပ်ဆောင်ခြင်း အတတ်ပညာတွေ များစွာ တတ်ထားဖို့လိုအပ်ပါတယ်။

Porn တွေထဲမှာ ပါဝင်သရုပ်ဆောင်ပြီး Porn Star ဖြစ်လိုသူတွေအနေနဲ့တော့ အီတလီ နိုင်ငံက Porn မင်းသား Rocco Siffredi ကို ကျေးဇူးတင်ရမှာပါ။ Rocco ဟာ Porn အတတ်ပညာတွေကို သင်ပေးပြီး ဘွဲ့အဖြစ်ပေးအပ်မယ့် University of Porn ဆိုတဲ့ ညစ်ညမ်းရုပ်ရှင် တက္ကသိုလ် ကို ဖွင့်လှစ်လိုက်ပါတယ်။ ဒါပေမယ့်လည်း နေရာ တစ်ခုမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းပုံစံ မျိုးတော့ မဟုတ်ပါဘူး။

Rocco ဟာ ကမ္ဘာတစ်ဝှမ်း လုံးမှာ အောင်မြင်မှုရခဲ့တဲ့ ညစ်ညမ်းရုပ်ရှင်ပေါင်း ၁၃၀၀ ကျော်မှာ ပါဝင်သရုပ်ဆောင်ဖူးသူ ဖြစ်တဲ့အတွက် သူ့ရဲ့ အတွေ့အကြုံနဲ့ ဗဟုသုတတွေကို ပြန်လည်ဝေမျှတဲ့အနေနဲ့ "Siffredi Hard Academy" ဆိုတဲ့ခေါင်းစဉ်ရှိတဲ့ ဖြစ်ရပ်မှန် ရှိုးတစ်ခုကို ပြသသွားမှာ ဖြစ်ပြီး ထို ရှိုးမှာတော့ Rocco ကိုယ်တိုင် သင်တန်းသားတွေကို ထရိန်နင် ပေးနေတဲ့ မှတ်တမ်းရုပ်ရှင်(Documentary) တွေကို ပြသမှာဖြစ်ပါတယ်။

အီတလီ သတင်းဌာန တစ်ခုဖြစ်တဲ့ Perfil က ဖော်ပြခဲ့တာကတော့ Rocco ဟာ သူ့ရဲ့ ညစ်ညမ်းရုပ်ရှင် ဖန်တီးတဲ့နည်းလမ်း တွေ ကို သင်ကြားပြသပေးသွားမှာ ဖြစ်တယ် ဆိုတာပါပဲ။

" ငါ့မှာ သာမန်ဘ၀ တစ်ခုရှိတယ် ။ ငါဘယ်ကလာတယ်ဆိုတာ ငါမမေ့ဘူး။ အောင်မြင်မှုဆိုတာဟာလည်း ငါ့ကို လက်တွေ့ဘ၀ နဲ့ ဝေးကွာသွားအောင် မလုပ်နိုင်ခဲ့ပါဘူး" လို့ Rocco က Perfil သတင်းဌာန ကို ပြောပြပါတယ်။

လက်ရှိမှာတော့ Rocco မှာ ကျောင်းသူ ၊ ကျောင်းသာ ၂၁ ယောက်ရှိနေပါပြီ။ အမျိုးသမီး ၇ ယောက်နဲ့ အမျိုးသား ၁၄ ယောက်တို့ပဲ ဖြစ်ပြီး Rocco ဟာ သူ့တပည့်တွေကို လိင်ဆက်ဆံတဲ့ Position တွေအပါအ၀င် ကင်မရာ ရှေ့မှာ စမ်းသပ် သရုပ်ဆောင်စေပြီး စစ်ဆေးမှုတွေပါ ပြုလုပ်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။



( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Independent
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment