Powered by Blogger.

နားထဲကို စူပါဂလူးတွေ မှားယွင်းစွာ ထည့်လိုက်မိလို့ တစ်ပတ်လောက် နားပင်းလုနီးပါးဖြစ်ခဲ့ရတဲ့ အမျိုးသား




ကံမကောင်းတဲ့ အမျိုးသားတစ်ဦးဟာ သူ့ကိုယ်သူ စေးကပ်လွန်းတဲ့ အနေအထားတစ်ခုကို ဖန်တီးလိုက်ပါတယ်။ သူဟာ သူ့ရဲ့ နားထဲကို နားသန့်ဆေး ထည့်ရာမှာ မှားယွင်းပြီး စူပါဂလူးတွေကို ထည့်လိုက်မိတဲ့အတွက် တစ်ပတ်လောက် နားပင်းလု နီးပါးဖြစ်သွားခဲ့ရပါတယ်။

အသက် ၄၅ နှစ်အရွယ် Song Wan ဆိုသူဟာ အမှတ်မထင်ပဲ Extra-Strong လို့တင်စားခေါ်ဝေါ်ထားတဲ့ အလွန် စေးကပ်မှု ပြင်းထန်တဲ့ 502 ကော်တွေကို သူ့ရဲ့ ဘယ်ဘက်နားထဲ ထည့်လိုက်မိတဲ့အတွက် ည၀တ် အင်္ကျီတောင် မလဲနိုင်ပဲ ဆေးရုံရဲ့ အရေးပေါ် ဌာနကို အပြေးသွားခဲ့ရပါတယ်။

သူဟာ အရင်တုန်းကလည်း နားနဲ့ ပတ်သက်တဲ့ ကူးစက် ရောဂါ ဖြစ်ခဲ့ဖူးပြီး အခုလည်း နားထဲက ယားယံ လာတဲ့အတွက် နားသန့်ဆေး ထည့်ဖို့ ကြိုးစားခဲ့ရာမှာ အခုလို မှားယွင်းထည့်ခဲ့မိတဲ့အကြောင်းကို ဆရာဝန်တွေအားပြောပြခဲ့ပါတယ်။

ဖြစ်ပုံတော့ သူဟာ ညဘက်လမ်းလျှောက်လာပြီး အိပ်ငိုက်နေတဲ့အချိန်မှာနားထဲက ယားယံလာတဲ့အတွက် နမော်နမဲ့နဲ့ စူပါဂလူး ဘူးကို ယူပြီး သူ့ရဲ့ နားသန့်ဆေး အမှတ်နဲ့ နားထဲကို ထည့်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

သူ့ရဲ့ အမှားကို သူသတိထားမိလိုက်တဲ့အခါမှာတော့ တရုတ်နိုင်ငံ ၊ Zhejiang ခရိုင် ၊ Hangzhou မြို့မှာ ရှိတဲ့ First People ဆေးရုံကို အလျင်အမြန်ပြေးလွှားသွားခဲ့ရပြီး ဆရာဝန် Li Yong ဆိုသူနဲ့ ပြသခဲ့ရပါတယ်။

နား ၊ နှာခေါင်း နဲ့ လည်ချောင်း အထူးကု ဆရာဝန် Li Yong ကတော့ သူ့ကို တစ်ပတ်ခန့် စောင့်ဖို့ ညွှန်ကြားခဲ့ပါတယ်။ ဆရာဝန် Li ရှင်းပြခဲ့တာကတော့ သူ့ရဲ့နားထဲမှာရှိတဲ့ Mucuos ဆိုတဲ့အမှေးပါးဟာ အရည်တစ်မျိုးကို ထုတ်လုပ်ပြီး ထို စူပါဂလူးကော်တွေနဲ့ နားစည်ကြားထဲမှာ ကာကွယ်နိုင်တဲ့ အလွှာတစ်ခုကို ဖန်တီးပေးထားပါတယ်တဲ့။

အကယ်၍ ချက်ချင်းသာ စူပါဂလူးတွေကို ဖယ်ထုတ်လိုက်မယ်ဆိုရင် နားစည်ကိုပါ ထိခိုက်သွားနိုင်ပါတယ်။ ဒါကြောင့်တစ်ပတ်ခန့်အကြာမှာမှ စေးကပ်တဲ့ ကော်တွေ ခြောက်သွားအောင် စောင့်ပြီး ဖယ်ရှားခဲ့ရတာဖြစ်ပါတယ်။ ထို စောင့်နေတဲ့ တစ်ပတ်လုံးမှာတော့ Wang ဟာ တစ်ပတ်လုံး နားတစ်ဖက် မကြားပဲ နေခဲ့ရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment