Powered by Blogger.

ကလေးကစားကွင်းမှာ ဖခင်တစ်ဦးကိုဓားနဲ့ထိုးသတ်ခဲ့တဲ့ ၁၃နှစ်ကလေးမ အဖမ်းခံရ





ကလေးကစားကွင်းမှာ လောရီယာဉ်မောင်းတစ်ဦး ဓားထိုးသတ်ခံခဲ့ရပြီးတဲ့ နောက် အသက် ၁၃နှစ်အရွယ် မိန်းကလေးတစ်ဦး အဖမ်းခံခဲ့ရပါတယ်။

ဒီမိန်းကလေး အပါအဝင် လူငယ် ၅ယောက် အဖမ်းခံခဲ့ရတာပါ။ အသက် ၁၅နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း ပါဝင်ပါတယ်။ သူတို့ထဲက တစ်ယောက်ရဲ့ ဖခင်ဖြစ်သူ Darren Kelly ဟာ အောက်တိုဘာလ ၂၀ရက်နေ့မှာ ဓားထိုးခံရပြီး ဆုံးသွားခဲ့ပါတယ်။

အသက် ၄၂နှစ်ရှိပြီဖြစ်တဲ့ Mr. Kelly ဟာ ဓားနဲ့ အချက်ပေါင်းများစွာ ထိုးခံခဲ့ရတာပါ။ လူငယ်တွေနဲ့ စကားများကြပြီးတဲ့နောက်မှာ ဓားထိုး အသတ်ခံခဲ့ရတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

“အချိန်မှား၊ နေရာမှား (အသွားမတော်တစ်လှမ်း) ဖြစ်ခဲ့တဲ့ ဘယ်သူမဆို ဒီလိုမျိုး ဖြစ်သွားနိုင်တဲ့ဆိုပြီး ဒီနားတစ်ဝိုက်မှာ အခုဆို ကြောက်ရွံ့တုန်လှုပ်နေကြရတယ်။ ကျွန်တော့်မှာလည်း သမီးတစ်ယောက်ရှိတယ်၊ အဲ့ဒါက ကျွန်တော့်ကို ကြောက်စေတာ။” လို့ ဒေသခံတစ်ဦးဖြစ်တဲ့ Wayne Lynch ဆိုသူက ပြောပါတယ်။

Mr. Kelly ရဲ့ သမီးဖြစ်သူ Zoe ဟာ အသက် ၂၀ရှိပြီး ကြေကွဲနေတယ်လို့ ပြောပါတယ်။ “မိသားစုဝင် တစ်ယောက်ယောက် သေသွားပြီဆိုတဲ့ သတင်းကို ဘယ်သူမှ ကြားချင်ကြတာ မဟုတ်ဘူး။ အသတ်ခံလိုက်ရပြီဆိုတာ ပိုတောင် မဖြစ်နိုင်သေးဘူး။ ကျွန်မ အဖေကို သိပ်ချစ်ပါတယ်။ ကျွန်မတို့က သိပ်ရင်းနှီးတယ်။ ကျွန်မဆီက နေ ခပ်လှမ်းလှမ်းမှာပဲ ရှိနေခဲ့တာ။ အင်္ဂါနေ့ နံနက်က သူ ကျွန်မကို အလုပ်ခေါ်သွားတော့ နောက်ဆုံးတွေ့လိုက်ရတာပဲ။” လို့ Zoe ကပြောပါတယ်။

အိမ်လိပ်စာ အချို့ကို ရှာဖွေနေကြတယ်လို့ ရတွေက ပြောပါတယ်။ ဒီသတင်းအချက်အလက်ကို ပေးခဲ့တဲ့အတွက် ပြည်သူလူထုကိုလည်း ကျေးဇူးတင်ပါတယ်တဲ့။

သူ့ရဲ့ အ ရာရှိတွေဟာ လက်နက်ကို လိုက်ရှာနေကြတယ်လို့ စုံစမ်းစစ်ဆေးရေးမှူး Simon Werrett  က အတည်ပြုခဲ့ပါတယ်။ “ကျွန်တော့်အဖွဲ့တွေက နေရာတချို့ကို လိုက်ရှာနေကြပါတယ်။ မျက်မြင်သက်သေ လုပ်ပေးခဲ့တဲ့ ပြည်သူလူထုကိုလည်း ကျေးဇူးတင်ပါတယ်။” လို့ သူကပြောပါတယ်။

အသက်အငယ်ဆုံး သံသယရှိခံရသူဟာ ဒီနေ့ အောက်တိုဘာ ၂၃ရက်နေ့မှာ အဖမ်းခံခဲ့ရတာပါ။ အသက် ၁၆နဲ့ ၁၇ရှိ ကောင်လေး နှစ်ယောက်၊ အသက် ၂၀ရှိ အမျိုးသားတစ်ယောက်တို့ကိုလည်း အောက်တိုဘာ ၂၁ညမှာ ဖမ်းခဲ့ပါတယ်။ သူတို့ ထောင်ထဲမှာပဲ ရှိတုန်းပါပဲ။

Mr. Kelly ဓားနဲ့အထိုးခံရပြီးတဲ့နောက်မှာ နီးစပ်ရာ တိုက်တန်းတစ်ခုကိုသွားပြီး ခေါင်းလောင်းကိုနှိပ်ကာ “ကျွန်တော့်ကို ကူညီပါဦး၊ ဓားထိုးခံခဲ့ရလို့။” ဆိုပြီး အကူအညီတောင်းခဲ့ပါတယ်။ သူ့ကို ဝိုင်းဝန်းကုသပေးကြပေမဲ့ လူသတ်သမားက ဘယ်သူဆိုတာကိုတော့ ပြောမသွားခဲ့ပါဘူး။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment