Powered by Blogger.

ညစာစားပွဲတက်ရောက်လာစဉ် မျက်နှာမှာ ပေါင်ဒါ တွေ ပေနေခဲ့တဲ့ တရုတ် သမ္မတ ကတော်




တရုတ်နိုင်ငံရဲ့ သမ္မတ ကတော်ဟာ မနေ့ညက ညစာစားပွဲကို မလိုလားအပ်တဲ့ မိတ်ကပ်လိမ်းခြယ် မှု နဲ့ အတူ တက်ရောက်လာခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ Kate Middleton လို့ တင်စားခေါ်ဝေါ်ခံရတဲ့ သမ္မတ ကတော် Peng Liyuan ဟာ တရုတ်သမ္မတ Xi Jinpings ရဲ့ ဗြိတိန် နိုင်ငံသို့ သမိုင်းဝင် အလည်အပတ် လာရောက်တဲ့ ခရီးစဉ် မှာလိုက်ပါလာခဲ့ပါတယ်။

ဒါပေမယ့်လည်း သမ္မတ ကတော မဖြစ်ခင်က ရိုးရာ အဆိုတော် တစ်ယောက်ဖြစ်ခဲ့တဲ့ Madame Peng ဟာ လန်ဒန်မြို့ Guildhall ခန်းမမှာ ပြုလုပ်ခဲ့တဲ့ ညစာစားပွဲမှာတော့ မှားယွင်းတဲ့ မိတ်ကပ်လိမ်းခြယ်မှု နဲ့ ရောက်လာခဲ့ပါတယ်။

သူမ ရဲ့ မျက်နှာ ပေါ်က နဖူးနဲ့ နှာခေါင်းနေရာတွေမှာတော့ အဖြူရောင် ပေါင်ဒါတွေ ပေကျံနေခဲ့ပါတယ်။ ဆီလီကာ ပေါင်ဒါ ဆိုတာဟာ အဆီတွေကို စုပ်ယူနိုင်ပြီးတောက်ပမှုတွေကို ထိန်းသိမ်းနိုင်တာမှန်ပေမယ့်လည်း အရမ်းများအောင် လိမ်းလိုက်တဲ့အခါမှာတော့ ဓါတ်ပုံထဲမှာ သိသိသာသာ ဖြူဖွေးနေတတ်ပါတယ်။

Madame Peng ဟာ တရုတ်နိုင်ငံအတွင်းမှာတော့ အရမ်း အောင်မြင်တဲ့ ရိုးရာ အဆိုတော် တစ်ယောက်ဖြစ်ခဲ့ပြီး သူမ ရဲ့ အောင်မြင်မှုဟာ ဗြိတိန် တော်ဝင်မင်းသမီး Kate Middleton နဲ့ ပါ ပြိုင်ဘက်တွေဖြစ်လာစေခဲ့သူပါ။ တရုတ်နိုင်ငံ သမ္မတ ရဲ့ လာရောက်လည်ပတ်မှုအတွက် လက်ဆောင်ပစ္စည်းတွေ အပြန်အလှန်ပေးအပ်ခဲ့ရာမှာလည်း ဗြိတိန် ဘုရင်မကြီးဟာ Madame Peng ရဲ့ အယ်လ်ဘမ် ၂ ခွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

တရုတ်သမ္မတ Xi Jinpings ဟာ ဗြိတိန် ၀န်ကြီးချုပ်ရဲ့ အိမ်တော်ဖြစ်တဲ့ Chequers မှာ အစ္စလာမ် အစွန်းရောက်တွေ ကြီးထွားလာမှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ ရဲ့ တုံ့ပြန်မှု တွေအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။



( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment