Powered by Blogger.

ကမ္ဘာမှာ Sexy အဖြစ်ဆုံး နိုင်ငံရေးသမား ဖြစ်လာတဲ့ ယူကရိန်းမော်လ်ဒယ်မလေး




မြို့တော် ၀န် အဖြစ် ၀င်ရောက်ရွေးကောက်ခံမယ့် အမျိုးသမီးတစ်ဦးဟာ ထူးဆန်းတဲ့Sexy ဗီဒီယို တစ်ခုထဲမှာ ပါဝင်နေပြီး ထို ဗီဒီိယိုကတော့ ရွေးကောက်ပွဲနေ့ မတိုင်ခင် မှာထွက်ပေါ်လာခဲ့ပါတယ်။

Valeria Prokopenko ဆိုတဲ့ မော်ဒယ်လ် မလေးဟာ သူမရဲ့ အနက်ရောင် ပင်တီနဲ့ ဘရာစီယာ တို့ကိုသာ ၀တ်ဆင်ထားပြီး အိပ်ယာထက်မှာ ဆွဲဆောင်မှုရှိတဲ့ ဟန်ပန်တွေနဲ့ သရုပ်ဆောင်ထားတဲ့ ဗီဒီယို ဟာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ တစ်ကယ်တော့ ထို ဗီဒီယိုဟာ "Miss Olymp" လို့ခေါ်တဲ့ အလှအပ ပြိုင်ပွဲတစ်ခုမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရိုက်ကူးထားခဲ့တာပါ။

သူမ အနေနဲ့လည်း ဒီဗီဒီယို ကို ရွေးကောက်ပွဲ မတိုင်ခင်နေ့မှာ ထွက်ပေါ်လာဖို့ မျှော်လင့်ထားမှာ မဟုတ်ပါဘူး။

အသက် ၂၁ နှစ်သာရှိသေးတဲ့ Prokopenko ဟာ ယူကရိန်း နိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ Odessa Oblast ဒေသ ရဲ့ Odessa မြို့မှာ မြို့တော်ဝန် အဖြစ် ၀င်ရောက် ရွေးကောက်ခံဖို့ ကြိုးစားနေခဲ့တာပါ။ ဒီဗီဒီယိုထွက်ပေါ်လာမှုနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေရှိတာက Prokopenko ရဲ့ ပြိုင်ဘက် တစ်ယောက်ယောက်က သူမရဲ့ အောင်မြင်မှုကို ထိခိုက်လာစေဖို့ ဒီဗီဒီယိုကို အင်တာနက်မှာ တင်လိုက်တာ ဖြစ်နိုင်ပြီး ရလဒ်ကတော့ ဆန့်ကျင်ဘက် သက်ရောက်မှုတွေ ဖြစ်နေခဲ့ပါတယ်။

သူမကို ရုရှား ပရိုဂျူဆာ တစ်ယောက်က ပေါ့ပ်တီးဝိုင်း Ruki Vverh ရဲ့ သီချင်းဗီဒီယို တစ်ခုမှာ ၀င်ရောက် သရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

ဒီဗီဒီယို ထွက်လာပြီးတဲ့နောက်မှာတော့ သူမကို တရားမ၀င်စွာနဲ့ ကမ္ဘာမှာ Sexy အဖြစ်ဆုံး နိုင်ငံရေးသမား တစ်ယောက်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment