Powered by Blogger.

ဆွီဒင်နိုင်ငံမှာ တစ်နေ့ကို အလုပ်ချိန် ၆ နာရီ အဖြစ်ပြောင်းလဲသတ်မှတ်




Vikings ၊ IKEA နဲ့ ABBA တို့ရဲ့ ဌာနေ ဖြစ်တဲ့ ဆွီဒင်နိုင်ငံဟာ နိုင်ငံသားတွေအတွက် ၀မ်းသာစရာ စည်းမျဉ်းစည်းကမ်းတစ်ခုကို ချမှတ်လိုက်ပါတယ်။ အဲဒါကတော့ နေ့စဉ် အလုပ်ချိန်ကို ၆ နာရီ သာ ပြောင်းလဲသတ်မှတ်လိုက်တာပဲ ဖြစ်ပါတယ်။

အရင်တုန်းကပြုလုပ်ခဲ့တဲ့ လေ့လာမှု တွေအရလည်း နာရီပေါင်းများစွာ အလုပ်လုပ်ခြင်းဟာ ကျန်းမာရေး ၊ ပျော်ရွှင်မှု နဲ့ ထုတ်လုပ်မှု ဆိုင်ရာ စွမ်းရည်တွေကို ကျဆင်းစေတယ်ဆိုသလိုပဲ အခုလည်း ဆွီဒင်နိုင်ငံ တစ်ဝှမ်းက စီးပွားရေး လုပ်ငန်းတွေဟာ နေ့စဉ် အလုပ်ချိန်ကို တိုတောင်းစွာ သတ်မှတ်ပြောင်းလဲလိုက်ပါတယ်။

Gothenburg မြို့မှာ ရှိတဲ့ Toyota ကားဝန်ဆောင်မှု စင်တာ ဟာ လွန်ခဲ့တဲ့ ၁၃ နှစ်ကတည်းက တစ်နေ့ကို ၆ နာရီ သာ အလုပ်ချိန်သတ်မှတ်ထားခဲ့တဲ့အတွက် ၀န်ထမ်းတွေဟာ ပိုမိုပျော်ရွှင်ကြပြီး အလုပ်ထွက်နှုန်းလည်း အခြားအလုပ်တွေထက် လျော့နည်းတယ်ဆိုတာကို သိခဲ့ရပါတယ်။ အဲဒီလို အလုပ်ချိန်ကို ၆ နာရီသာ သတ်မှတ်ခဲ့ပေမယ့်လည်း ထို Toyota ကားဝန်ဆောင်မှု လုပ်ငန်းရဲ့ အကျိုးအမြတ်ဟာ ၂၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။

"ကျွန်တော်ထင်တာကတော့ တစ်နေ့ကို ၈ နာရီအလုပ်လုပ်တာဟာ ဘယ်သူမှ မထင်ထားသလိုပဲ အကျိုးသက်ရောက်မှု မရှိနိုင်ပါဘူး" လို့ Stockholm App ကုမ္မဏီရဲ့ CEO ဖြစ်တဲ့ Linus Feldt က ဆိုပါတယ်။

"၈ နာရီအတွင်း တိကျတဲ့ အလုပ်တာဝန်တွေကို အာရုံစိုက်နေဖို့ဆိုတာဟာ ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခုပါ။ လက်တွေ့မှာတော့ ကျွန်တော်တို့ဟာ အရာအားလုံး ရောထွေးကုန်ပြီး အလုပ်ချိန်ကို ပိုလုံလောက်အောင် ယာယီရပ်နားမှုတွေလုပ်နေရပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ရဲ့ ပုဂ္ဂိုလ်ရေးဘ၀ ကို စီမံခန့်ခွဲဖို့ကလည်း ရှိနေပါသေးတယ်" လို့ Linus Feldt က ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဆွီဒင်နိုင်ငံက စီးပွားရေး လုပ်ငန်းတွေ အခုလို တစ်နေ့ ၆ နာရီ အလုပ်ချိန် ပြောင်းလဲသတ်မှတ်ရတဲ့ အကြောင်းအရင်းကတော့ အလုပ်ချိန်နည်းတဲ့အခါမှာ ၀န်ထမ်းတွေဟာ ပိုမိုတက်ကြွပြီး အချိန်အနည်းငယ်အတွင်းမှာ တူညီတဲ့ အလုပ်ပမာဏ ကို ပြီးမြောက်အောင်လုပ်နိုင်တဲ့ စွမ်းအင်တွေရမှာပါ။ ၀န်ထမ်းတွေ ပျော်ရွှင်ပြီး ပိုမို အနားယူချိန် ရတဲ့အတွက် ထုတ်လုပ်မှု အားလည်းကောင်းလာနိုင်တယ်ဆိုတဲ့ အယူအဆ ကြောင့်ပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

2 comments:

  1. i live in sweden but not yet the new law....

    ReplyDelete
  2. I think that is not a law.you can check the original story.we just translated.

    http://metro.co.uk/2015/09/30/sweden-is-shifting-to-a-six-hour-work-day-and-weve-already-bought-tickets-5415297/

    ReplyDelete