Powered by Blogger.

ပြိုင်ကားတစ်စီး ဘီးချော်ပြီး ပရိတ်သတ်အုပ်ကို ၀င်တိုက်ရာ ၂၆ ဦး ဒဏ်ရာရ




Porshe အမှတ်တံဆိပ် ပြိုင်ကား တစ်စီးဟာ ပြိုင်ပွဲဝင်နေစဉ် ထိန်းချုပ်မှု လိုအပ်ချက်ကြောင့် ပြိုင်ကားကွင်းထဲမှာ လာရောက်ကြည့်ရှုနေကြတဲ့ ပရိတ်သတ် ၂၆ ယောက်ကို ထိခိုက်ဒဏ်ရာ ရစေခဲ့တယ်လို့ သိရပါတယ်။

Malta နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကားပြိုင်ပွဲမှာ စတာလင်ပေါင် ၇၅၀,၀၀၀ တန်ကြေး ရှိတဲ့ Porsehe 918 ဆိုတဲ့ စူပါ ပြိုင်ကား ဟာ အရှိန်ကြောင့် ထိန်းချုပ်မှု ကင်းမဲ့သွားပြီး လူအုပ်ကြားထဲကို ၀င်တိုက်မိခဲ့ရာ ၆ နှစ်သမီး ကလေးငယ်တစ်ယောက် အပါအ၀င် လူ ၅ ယောက်ဟာ ဆေးရုံကို စိုးရိမ်ရတဲ့ အခြေအနေနဲ့ ပို့ဆောင်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ထို Porshe ပြိုင်ကားကိုတော့ East Midlands မြို့မှာနေထိုင်တဲ့ ဗြိတိန် မီလျံနာ သူဋ္ဌေး Paul Bailey  ကမောင်းနှင်ခဲ့တာပဲ ဖြစ်ပါတယ်။ ထို ပြိုင်ကားက လူအုပ်ကို ဘယ်လို တိုက်သွားတယ်ဆိုတဲ့ ဗီဒီယို ကို မရခဲ့ပေမယ့်လည်း ထို ဖြစ်ရပ် အတွင်းက ဓါတ်ပုံအချို့ကိုတော့ ဗီဒီယို အဖြစ် ပြန်လည် ဖန်တီးပြီး YouTube မှာ တင်ထားကြတာကိုတွေ့ရပြန်ပါတယ်။

Times of Malta သတင်းဌာနကို မျက်မြင်သက်သေ တစ်ယောက်က အခုလို ပြောပြခဲ့ပါသေးတယ်။

"အဲဒီကားရဲ့ နောက်ဘီးက မြက်ခင်းပြင်ပေါ်ရောက်သွားတဲ့အခါမှာ ကားက ထိန်းချုပ်လို့မရတော့ပါဘူး။ ပရိတ်သတ်တွေအများကြီး ကြည့်နေတဲ့ နေရာ အရှေ့က ခြံစည်းရိုးတွေကိုပါ တိုက်သွားပါတယ်။ အဲဒီမှာ လူတွေ အများကြီး ရှိနေပါတယ်။ သူတို့ ထိခိုက်သွားပြီး အော်ဟစ်နေခဲ့ကြပါတယ်။"

ဒီပွဲကို စီစဉ်ခဲ့သူတွေကတော့ ယာဉ်တိုက်မှု ဖြစ်ပွားရခြင်း အကြောင်းအရင်းကို စစ်ဆေး ဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment