ဟိုးအရင်တုန်းက
ဖြစ်ခဲ့တဲ့ ဧရာမဆူနာမီကြီးတွေကို သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒါတွေက
တကယ့်အစစ်တွေလို့ သိရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၃၀၀၀ က အာဖရိကကမ်းခြေက ကိတ်ပ်ဗာတီ
ကျွန်းစုရှိ ဖိုဂို မီးတောင်များကျွန်းဟာ သမုဒ္ဒရာထဲကို ပြုတ်ကျခဲ့ပြီး ဆူနာမီတစ်ခုဖြစ်ခဲ့ပါတယ်။
ဒီဧရာမဆူနာမီကြီးက တောင်တန်းတွေကိုတောင် ရွေ့သွားစေခဲ့ပါတယ်။
“ဧရာမ ထုထည်ကြီးမားတဲ့အရာတစ်ခုကို
နေရာရွှေ့လိုက်ရင် ရေတွေကိုလှုပ်ခတ်သွားစေပါတယ်။ မီးတောင်လိုဟာမျိုး ရေထဲကိုပြိုကျတဲ့ကိစ္စမှာ
အရမ်းကိုပြင်းထန်လွန်းပါတယ်။ သမုဒ္ဒရာထဲကို ထုထည်ကြီးမားလွန်းတဲ့အရာကြီးပြိုကျသွားတာကိုး။”
လို့ ဦးဆောင်သုတေသီ Ricardo Ramalho က ၀ါရှင်တန်ပို့စ် သတင်းဌာနကိုပြောသွားခဲ့ပါတယ်။
ဖိုဂိုမီးတောင်များကျွန်းနားက
ဧရာမကျောက်တုံးကြီးကနေ အထောက်အထားတွေရခဲ့တာကြောင့် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဖိုဂိုမီးတောင်ပြိုကျမှုကြီးကို
သိပ္ပံပညာရှင်တွေက သိခဲ့ရတာပါ။ ဒီပြိုကျမှုက မိုင် ၃၀အကွာမှာရှိတဲ့ ဆန်တီရားဂို ကျွန်းကို
ဆူနာမီကြီးတစ်ခုဖြစ်သွားစေခဲ့မယ်လို့ တွက်ချက်ကြပေမဲ့ အဲဒါက ဘယ်လောက်ကြီးမားကြောင်းကိုတော့
သဘောထားမတိုက်ဆိုင်မှုတွေ ရှိဆဲဖြစ်ပါတယ်။ ယခုလက်ရှိထိ တွက်ချက်မှုတွေအရတော့ တစ်ပြိုက်တည်းပြိုကျတာမျိုးမဟုတ်ဘဲ၊
ခွဲခွဲပြီးပြိုကျကာ ဆူနာမီတွေအကြိမ်ကြိမ် ဖြစ်စေခဲ့ပါတယ်တဲ့။
အလားတူပြိုကျမှုမျိုးက
ဖြစ်နိုင်တယ်လို့ Ramalho က ယုံကြည်ထားပေမဲ့ သူ့ရဲ့ မီဂါဆူနာမီသီအိုရီကို မီဂါလှည့်ဖျားမှုကြီးဖြစ်မသွားစေချင်ပါဘူးတဲ့။
“သဘာဝဘေးအန္တရာယ်လျှော့ချရေးဘက်ကနေ
ကျွန်တော်တို့ဘာများလုပ်ပေးနိုင်မလဲဆိုတာကို ခေါင်းအေးအေးနဲ့ သဘာဝကျကျ စပြီးတွေးဖို့လိုပါတယ်။
ဒီလိုဘေးဒုက္ခကို ကျွန်တော်တို့ ဘယ်လိုပြန်ပြီး တုန့်ပြန်နိုင်မလဲဆိုတာနဲ့ အဲဒါတွေရဲ့
ကျွန်တော်တို့လူ့အသိုင်းအ၀ိုင်းအပေါ် ခြိမ်းခြောက်မှုက ရေတိုလား၊ အလယ်အလတ်လား၊ ရေရှည်လားဆိုတာကို
ဘာနဲ့တိုင်းတာနိုင်မလဲဆိုတာ တွေးထားရမယ်။” လို့ Ramalho က Mirror သတင်းဌာနကိုပြောသွားခဲ့ပါတယ်။
( Skyler
)
#knowledge.thithtoolwin.com
Ref:csmonitor
0 comments:
Post a Comment