Powered by Blogger.

သိပ်ကြောက်စရာမကောင်းပါဘူးဆိုတဲ့ အရှည်ဆုံးကြိုးတံတား




အခုဖော်ပြပေးမှာကတော့ ဂျာမနီနိုင်ငံမှာရှိတဲ့ အရှည်ဆုံးကြိုးတံတားအကြောင်းပါ။ သိပ်ကြောက်စရာမကောင်း ပါဘူးဆိုတဲ့ ဒီကြိုးတံတားက သင့်ကို အမျိုးအမည်မသိတဲ့ တစ်ဆို့ဆို့ ခံစားချက် ဖြစ်ပေါ်စေမှာပါ။ အကြောက်အရွံ့ကင်းတဲ့ သူတွေသာ ဒီတံတားကိုဖြတ်ရဲကြတယ်လို့ သိရပါတယ်။ တည်နေရာကတော့ Morsdorf နဲ့ Sosberg မြို့နှစ်မြို့ကြားက အရမ်းကိုလှပတဲ့ တောအုပ်ထဲမှာပါ။ Selfie ရိုက်ဖို့အတွက် နေရာကောင်းတွေလဲအများကြီးရှိပါတယ်တဲ့။

Geierley ခြောက်နက်ကြီးရဲ့အထက် အမြင့်ပေ ၃၀၀ရှိတဲ့ ဒီကြိုးတံတားပေါ်မှာ ထောင်နဲ့ချီတဲ့ ကမ္ဘာလှည့်ခရီးသွားတွေဟာ အုံနဲ့ကျင်းနဲ့ လာရောက်လေ့လာနေကြပါတယ်။ တံတားရဲ့အရှည်ကတော့ ပေ ၁၂၀၀ ပါ။ ဒီကြိုးတံတားပေါ်ကို ရောက်ဖို့အတွက် ခရီးသွားတွေဟာ ၄မိုင်တောင်တက်ခရီးကို အားတင်းပြီးတက်ကြပါတယ်။

ခြောက်ကမ်းပါးကြီးရဲ့အထက်က တံတားကြမ်းခင်းလေးရဲ့ ရှည်လျားမှု၊ ပတ်ဝန်းကျင်လှပမှုတွေနဲ့ ကြောင့် အလည်အပတ်လာရောက်သူ အရေအတွက်ဟာ နှစ်စဉ် ၁၇၀၀၀၀ ရှိပါတယ်။ ပြည်တွင်းစီးပွားရေး အတွက်လည်း ဒီကြိုးတံတားကနေ ကန်ဒေါ်လာ ၁ ဒဿမ ၈ သန်း ရရှိနေတယ်လို့ သိရပါတယ်။
ဒီလိုကြိုးတံတား တည်ဆောက်ဖို့ စိတ်ကူးကို ၂၀၀၆ခုနှစ်မှာ စတင်တင်ပြခဲ့ပေမဲ့ တည်ဆောက်ဖို့မလွယ်ကူဘူးဆိုပြီး ပယ်ချခံခဲ့ရပါတယ်။ နောက်ငါးနှစ်အကြာမှာ စီမံကိန်းကိုပြန်လည်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး အဲဒီ့အချိန်မှာမှ ရလဒ်ကောင်းတွေ ထွက်ခဲ့ပါတော့တယ်။

ယခုနှစ် မေလ ၂၆ရက်နေ့မှာ တည်ဆောက်မှုကိုစတင်ခဲ့ပြီး ရက်ပေါင်း ၁၃၀ နဲ့ အပြီးသတ်တည်ဆောက်နိုင်ခဲ့ပါတယ်။



( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref:Daily Mail


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment