Powered by Blogger.

ရည်းစားက iPhone 6s မ၀ယ်ပေးတာကြောင့် ဈေးဝယ်စင်တာထဲမှာ မိန်းကလေးတစ်ယောက် အ၀တ်အစားအကုန်ချွတ်ပစ်




လူတွေဟာ နောက်ဆုံးပေါ် Apple ထုတ်ကုန်တစ်ခုကိုင်ရဖို့ အတွက် အမြဲတမ်း အရူးအမူး၊ အသည်းအသန် ဖြစ်တတ်ကြပါတယ်။

ဒါပေမယ့် iPhone 6s ကို ကိုင်ရဖို့ အစွမ်းကုန်ကြိုးစားခဲ့တဲ့ ဒီမိန်းကလေးရဲ့  လုပ်ရပ်ကတော့ အငြင်းပွားဖွယ်ရာပါပဲ။

တရုတ်နိုင်ငံက မိန်းကလေးတစ်ယောက်ဟာ ချစ်သူကောင်လေးကို  Apple ရဲ့ နောက်ဆုံးပေါ်ဖုန်း ၀ယ်ပေးဖို့ ပူဆာခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် နောက်ဆုံး ကောက်ရိုးတစ်မျှင်အနေနဲ့  အ၀တ်အစားအကုန်ချွတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တခြားဈေးဝယ်သူ အများအပြားရှေ့ မှာ အ၀တ်အစား အကုန်ချွတ်ပစ်ခဲ့တဲ့ မိန်းကလေးရဲ့ ကြိုးပမ်းချက်ကို ဈေးဝယ်စင်တာမှာရှိတဲ့ CCTV ကင်မရာကနေ ရိုက်ကူး နိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဗီဒီယိုအပိုင်းမှာ မိန်းကလေးတစ်ယောက်ဟာ ချစ်သူကောင်လေးနဲ့ အချီအချ စကားများနေတာကို တွေ့ မြင်ရပြီး နောက်ဆုံးမှာတော့ မိန်းကလေးဟာ သူမရဲ့အ၀တ်အစားတွေကို ဆုတ်ဖြဲပြီး ကြမ်းပြင်ပေါ် လွှင့်ပစ်လိုက်တာကို မြင်တွေ့ ရပါတယ်။

သူဘာလုပ်လုပ်စိတ်ဝင်စားပုံမရတဲ့ကောင်လေးက သူမအနားက ထွက်သွားပေမယ့်၊ မိန်းကလေးဟာ နောက်က လိုက်ပြီး ကောင်လေးကို အကြိမ်ကြိမ် ဆောင့်တွန်းနေတာကို မြင်ရမှာပါ။

အဆိုပါ မိန်းကလေးအနေနဲ့ iPhone 6s ကို  နောက်ဆုံးကိုင်ခွင့်ရခဲ့လားဆိုတာ သေချာမသိရပေမယ့် ဒီ ဗီဒီယိုအပိုင်းလေးကို စက်တင်ဘာ ၂၀ ရက်နေ့ က Youtube ပေါ်မှာ တင်ပြီးနောက် မကြာခင်မှာပဲ ကြည့်ရှုမှုပေါင်း ၁.၂ သန်းကျော်ရှိခဲ့ပါတယ်။



( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment