Powered by Blogger.

လိုချင်တဲ့အရောင်ရတဲ့ မိုက်ခရိုက်ဝက်လေးတွေ မွေးကြဦးမလား



အိမ်မွေးတိရိစ္ဆာန်တစ်ကောင် မွေးဖို့ရှာနေတယ်ဆိုရင်၊ ခွေးတွေ ကြောင်တွေ မဟုတ်ဘဲနဲ့ တခြား စိတ်ဝင်စားစရာ ကောင်းတာ မရှိတော့ဘူးလားလို့ စဉ်းစားမိတယ်။ သိပ်မကြာခင်ကာလတစ်ခုမှာ မျိုးရိုးဗီဇအဆင့်မြှင့်ထားတဲ့ မိုက်ခရိုဝက်လေးတွေကို ခင်ဗျားတို့လည်း ၀ယ်မွေးနိုင်တော့မှာပါ။

အလယ်အလတ်ဆိုဒ် ခွေးတစ်ကောင်အရွယ်လောက်ရှိတဲ့ ၃၃ပေါင်လေး ၀က်ကောင်ငယ်လေးတွေကို တရုတ်သိပ္ပံပညာရှင်တွေ ဖန်တီးခဲ့ပြီး မူလရည်ရွယ်ချက်ကတော့ လူသားရောဂါတွေရဲ့ အစမ်းသံခံဖြစ်လာဖို့ပါပဲ။ မိုက်ခရိုဝက်လေးတစ်ကောင်ကို ယွမ်ငွေ ၁၀,၀၀၀ (ကန်ဒေါ်လာ ၁၆၀၀) နဲ့ စတင်ရောင်းချဖို့အစီအစဉ်ရှိတယ်လို့ Shenzhen မှာလုပ်ခဲ့တဲ့ ထိပ်သီးညီလာခံတစ်ခုမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဈေးနည်းနည်းများရတာက သူတို့ကို အဆင့်မြှင့်နိုင်တယ်၊ အထီး၊ အမ လိင်အင်္ဂါနဲ့ ကိုယ်လိုချင်တဲ့ ၀က်ရဲ့အရောင်ကိုပါ ရွေးချယ်နိုင်တာတွေ ပြုလုပ်နိုင်လို့ပါတဲ့။

Talen လို့ခေါ်တဲ့ (Transcription activator-like effector nuclease) နည်းပညာကို အသုံးပြုပြီး ပုံမှန်ဆိုဒ်အမတွေအရွယ်ရှိတဲ့ အထီးတွေကို သားဖောက်ခဲ့တာဖြစ်ပါတယ်။ DNA မှာတွဲနှောင်ပါရှိတဲ့ ပရိုတိန်းနဲ့ အင်န်ဇိုင်းတစ်မျိုးကို လိုချင်တဲ့ မျိုးရိုးဗီဇဖြစ်လာဖို့အတွက် အသုံးပြုထားပါတယ်။ Talen နည်းပညာနဲ့ Bama ၀က်အမျိုးအစားရဲ့ အချင်းအိမ်ထဲမှာရှိတဲ့ Growth Hormone Receptor (GHR) မိတ္တူနှစ်ခုအနက်က တစ်ခုကို ရပ်တန့်သွားစေပါတယ်။ ဒီ Receptor မရှိဘဲရင် ဆဲလ်တွေက မကြီးထွားလာတော့ပါဘူး။ ဒီလိုနဲ့ မိုက်ခရိုဝက်လေးတွေ ဖြစ်လာတယ်လို့ ဆိုရမှာပါ။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref:Daily Mail


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment