Powered by Blogger.

သားငယ်ရဲ့ အလောင်းကို ပိုက်ပြီး မှိုင်နေတဲ့ Macaque မျောက်မကြီး



Macaque မျောက်မကြီးတစ်ကောင်ဟာ သူ့ရဲ့ မွေးကာစသားငယ် အသေလေးကို ချီပြီး သူမရဲ့ရင်ခွင်ထဲမှာ ပွေ့ပိုက်နေတာကို တွေ့မြင်ခဲ့ရပါတယ်။

Macaque မျောက်တွေဟာ အရှေ့အင်ဒီး၊ အာရှ နဲ့ အာဖရိကဖွား မျောက်တွေဖြစ်ပြီး အမြီးရှည်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေဆီ အမျိုးသားဥယျာဉ်ထဲမှာ မျောက်မကြီးဟာ သားငယ်ကို ချီမထားရင်းပဲ သူမရဲ့ နေ့ရက်တွေ ကုန်ဆုံးနေပါတယ်။

 သူမရဲ့သားငယ်ကို ၀မ်းနည်ကြေကွဲစွာ ငေးကြည့်နေရင်း သူမရဲ့ ရင်ခွင်ထဲမှာ မချီထားတာကို သင် တွေ့မှာပါ။ အနားကပ်ပြီး သားငယ်ကို လာထိဖို့ကြိုးစားတဲ့ macaque မျောက်ထီးတစ်ကောင်ကို သူမက မောင်းလို့တောင် ထုတ်နေခဲ့ပါတယ်။

ရင်ကွဲနာကျင်ဖွယ် အခိုက်အတန့်လေးကို ဓာတ်ပုံမှတ်တမ်းတင်နိုင်ခဲ့သူကတော့ အသက် ၃၁နှစ်အရွယ် ဓာတ်ပုံဆရာ Andrew Walmsley ပဲဖြစ်ပါတယ်။

( Jack )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: Daily Mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment