Powered by Blogger.

ကျောင်းသားရဲ့ အိမ်စာစာရွက်ပေါ်မှာ အမျိုးသားအင်္ဂါပုံ ရေးဆွဲခဲ့တဲ့ ဆရာမ




ဆရာမဖြစ်သူက ကျောင်းသားတစ်ယောက်ရဲ့ အိမ်စာစာရွက်ပေါ်မှာ ဧရာမ အမျိုးသားအင်္ဂါပုံကြီး ရေးဆွဲပေးခဲ့တာကြောင့် ကျောင်းသားရဲ့မိခင်ဖြစ်သူက သူရဲ့သားဖြစ်သူ အထက်တန်းကျောင်းသားကို တစ်ခြားကျောင်းကို ပြောင်းပေးချင်တယ်လို့ ဆိုလာပါတယ်။

Sandra Green of El Paso က သူ့ရဲ့သားဟာ Chapin High Language Arts ဆရာမဖြစ်သူ Kim Juzdowaski က အိမ်စာစာရွက်ပေါ်မှာ လိင်တံနဲ့ဝှေးစေ့ပုံတွေကို ရေးဆွဲထားခဲ့တဲ့ပုံကို လူမှုကွန်ယက်မှာ ဖော်ပြထားတယ်လို့ဆိုပါတယ်။

 “ ကျွန်မကိုယ်တိုင် သင်ကြားပြသရေးဆရာတစ်ယောက်ဖြစ်လို့ ဆရာမတစ်ယောက်အနေနဲပ ဒါမျိုးလုပ်တာ တကယ်မဖြစ်နိုင်ဘူးလို့ တွေးပါတယ်။ ယုံလည်းမယုံနိုင်ခဲ့ပါဘူး “ လို့ Green က KVIA-TV ကို ပြောကြားခဲ့ပါတယ်။

Green က Juzdowski ကို ဆက်သွယ်ခဲ့ပြီး ဆရာမကလည်း ကောင်လေးက စာသင်ချိန်အတွင်း စိတ်ဝင်စားခြင်းမရှိလို့ ပုံဆွဲခဲ့ကြောင်း ၀န်ခံခဲ့ပါသတဲ့။

 “ သူက ကလေးတွေကို ပြစ်ဒဏ်ပေးတာထက် အရှက်ရအောင် လုပ်ခဲ့တာဖြစ်တယ်လို့ ၀န်ခံတယ်လေ” လို့ Green ကဆိုပါတယ်။

ကျောင်းရဲ့တာဝန်ရှိသူတွေကတော့ ဆရာမကို ကျောင်းကနေ ပြောင်းရွှေ့စေဖို့၊ ထုတ်ပယ်ပစ်ဖို့ အစီစဉ်မရှိပါဘူးတဲ့။ ဘာလို့လဲဆိုတော့ သူက သူ့ရဲ့အပြုအမူတွေကို ၀န်ခံခဲ့ပြီး သူကိုယ်တိုင် ပြုပြင်ပြောင်းလဲဖို့ ဆန္ဒရှိနေတဲ့အတွက်လို့ ဆိုပါတယ်။


အမေဖြစ်သူကတော့ သူ့ရဲ့သားကို ကျောင်းပြောင်းဖို့ တစ်ခြားကျောင်းတစ်ခုကို စုံစမ်းနေပါပြီတဲ့။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

#knowledge.thithtoolwin.com

Ref: Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment