စပိန် နိုင်ငံသား
ဆရာဝန် တစ်ယောက်ဟာ နှစ် ၂၀ ခန့် ပျောက်ဆုံးနေခဲ့အပြီးမှာ အီတလီ နိုင်ငံက တော တစ်ခုအတွင်းမှာ
နေထိုင်နေတာကို ပြန်လည်ရှာဖွေတွေ့  ရှိလိုက်ရပါတယ်။
အသက် ၄၇ နှစ်အရွယ်
Carlos Sanchez Ortiz de Salazar ဟာ ၁၉၉၆ ခုနှစ်ကတည်း စိတ်ဖိစီးမှုတွေကို ခံစားခဲ့ရတဲ့အတွက်
သူနေထိုင်ရာ Seville မြို့  မှာရှိတဲ့နေအိမ်ကနေ ပျောက်ဆုံးသွားခဲ့ရာကနေ ၂၀၁၀ ခုနှစ်မှာတော့
သေဆုံးသွားပြီဖြစ်ကြောင်း ကြေညာခဲ့ရပါတယ်။
သူဟာ စပိန်နိုင်ငံ
၊ ဘီဘာအို မြို့ မှာ မွေးဖွားခဲ့ပြီး သူ ပျောက်ဆုံးသွားတဲ့အချိန် မတိုင်မီက ဆေးပညာ
နဲ့ ဘွဲ့ရခဲ့သူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်တုန်းကမှ မှိုပွင့်ခူးဖို့အတွက်
Tuscany မြို့  နားက တောအုပ်ထဲဝင်ရောက်သွားတဲ့ လူငယ် ၂ ဦးက ညစ်ပတ်နေတဲ့ မျက်နှာရှိပြီး
ကြီးမားတဲ့ မုတ်ဆိတ်မွေးတွေနဲ့ လူတစ်ယောက်ကို တွေ့ ခဲ့ရတဲ့အတွက် စုံစမ်းစစ်ဆေးကြည့်ခဲ့ရာမှာ
Sanchez ဖြစ်နေတာကို အခိုင်အမာ ဆိုနိုင်ခဲ့ပါတယ်။
Sanchez ကလည်း
မှိုပွင့်ကောက်တဲ့သူတွေကို သူ့ရဲ့  ပတ်စပို့ အပါအ၀င် စာရွက်စာတမ်း တွေကို ဓါတ်ပုံရိုက်ဖို့
ခွင့်ပြုခဲ့တဲ့အတွက် မှိုပွင့်ကောက်တဲ့သူ ၂ ယောက်ကလည်း ထိုအချက်အလက်တွေကို စပိန်နိုင်ငံ
နဲ့ အီတလီနိုင်ငံမှာ ရှိတဲ့ လူပျောက်ရှာဖွေရေး ဌာနတွေကို ပေးပို့ခဲ့တာဖြစ်တယ်လို့လည်း
သိရပါတယ်။
အီတလီနိုင်ငံ
Penelope Association အဖွဲ့  က ဒါရိုက်တာ Antonio La Scala က Sanchez ရဲ့ မိဘတွေကို
ဆက်သွယ်ပြီး အီတလီနိုင်ငံကို လေယာဉ်စီစဉ်ပေးကာ ပျောက်ဆုံးနေတဲ့ သားနဲ့ ပြန်လည် ဆုံဆည်းစေခဲ့တယ်လို့
El Mundo သတင်းဌာနက ဖော်ပြထားပါတယ်။
Sanchez တစ်ယောက်
တောထဲမှာ နှစ် ၂၀ ကြာ အစားအသောက် ဘယ်လိုရှာဖွေခဲ့တယ်ဆိုတာ မသိရသေးပေမယ့် အနီးအနားမှာ
ရှိတဲ့ ရွာတွေရဲ့  ပြောကြားချက်အရတော့ သူဟာ တစ်ရွာဝင်တစ်ရွာထွက် အစားအသောက်လိုက်ရှာတာတွေ
့ ဖူးတယ်လို့ ဆိုကြပါတယ်။
( Mario )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : UPI
0 comments:
Post a Comment