Powered by Blogger.

California က နွားပေါက်လေးတစ်ကောင်က သူ့ကိုယ်သူ ခွေးကလေးလို့ ထင်မှတ်နေ





၈ ပတ်သား နွားပေါက်ကလေး Goliath ဟာ သူ့ကိုယ်သူ ခွေးကလေးလို့ ယုံကြည်နေတာပဲဖြစ်ပါတယ်။

Danville, Calif မှာနေထိုင်တဲ့ Hubbs မိသားစုက သူတို့ရဲ့ သမီးလေး ၁၇နှစ်ပြည့်ပြီး အထက်တန်းကျောင်းပြီးချိန်မှာ Goliath အသတ်ခံရခါနီးမှာ ကယ်တင်လာခဲ့တာဖြစ်ပါတယ်။

သူကိုခေါ်လာစက သေးပြီး အားနည်းနေခဲ့ပေမယ့် Hubbs တို့ က Goliath ကို ကောင်းကောင်း မွန်မွန် ပြုစုစောင့်ရှောက်ခဲ့တဲ့ အတွက် သူ့ကိုယ်သူ အိမ်မွေး တိရစ္ဆာန် လေးအဖြစ်ယုံကြည်နေခဲ့ပါတယ် Goliathရဲ့ကူရှင်ပေါ်က ဓါတ်ပုံသည်Twitter တွင် လူအများ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။

Goliath က အိမ်မှာရှိတဲ့ ခွေးတွေနဲ့ အတူဆော့ကစားပြီး ခွေးစာစားရုံသာမက သူတို့ခွေးတွေရဲ့ အိပ်ယာမှာပါ အိပ်တာဖြစ်ပါတယ်။ သူက သူ့လည်ပင်းမှာ ချိတ်ထားတဲ့ ခွေးလည်ပတ် ကိုလည်းသဘောကြပါသတဲ့။

Goliath ဟာ သူ့ကို အိမ်ထဲမှာ အနံ့ခံရှာဖွေတတ်အောင် ဆိုဖာပေါ်မှာတက်အိပ်တတ်အောင် သင်ပေးတဲ့ မိသားစုထဲက Great Dane ခွေးအမျိုးအစား Leonidas နဲ့ အတော်ရင်းနှီးပါတယ်။ 

သူတို့နှစ်ကောင်ဟာ တော်တော်ရင်နှီးကြပြီးတော့ Goliath က ခွေးထီးကြီး Leonidas ကို သူ့အမေလို့ ထင်နေတာဖြစ်ပါသတဲ့။

ခွေးထီးကြီးကလည်း Goliath ကို ကယ်ပြီး အိမ်ခေါ်လာကတည်းက နွားပေါက်ကလေးကို လျှာနဲ့လျက်ပေးလေ့ရှိပြီး နွားလေး နေထိုင်မကောင်းတဲ့အခါ ဘေးမှာလဲလျောင်းပြီး အကြာကြီး အဖော်ပြု စောင့်ရှောက်ပေးလေ့ရှိတယ်လို့ဆိုပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment