Powered by Blogger.

သက်တမ်း ၂၄ နှစ်ကြာပြီဖြစ်တဲ့ ပီကေနံရံ "Gum Wall" ကို အပြီးသတ် ရှင်းလင်းဖယ်ရှား





အမေရိကန် ပြည်ထောင်စု ၊ ၀ါရှင်တန်ဒီစီ မြို့မှာရှိတဲ့ နံရံ တစ်ခုလုံးကို ၂၄ နှစ်ကြာ သက်တမ်းရှိတဲ့ ပီကေတွေနဲ့ ကပ်ထားမှုကို အပြီးသတ် ရှင်းလင်းဖယ်ရှားလိုက်ပြီလို့ သိရပါတယ်။

Seattle မြို့တော် က တရားဝင် ပြောကြားခဲ့တာကတော့ သမိုင်းဝင် အဆောက်အဦးတွေနဲ့ နံရံမှာ ပီကေတွေ ကပ်ဖို့ သတ်မှတ်ထားတဲ့ ကမ္ဘာကျော် "Gum Wall" ကို ဒီမနက်ပဲ အပြီးသတ် ရှင်းလင်းဖယ်ရှားလိုက်ပါပြီတဲ့။

၁၉၉၁ ခုနှစ်က စတင်ပြီး Post Alley ဆိုတဲ့ အဆောက်အဦးရဲ့ နံရံမှာ ပီကေ အရေအတွက်ပေါင်း ၁ သန်းကျော်ကို ကပ်ထားခဲ့တာဖြစ်ပါတယ်။ ထို နံရံဟာ ကမ္ဘာလှည့်ခရီးသွားပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့ပြီး လူအများဟာ ထို နံရံ ရဲ့ အရှေ့မှာ ဆယ်လ်ဖီ ဓါတ်ပုံတွေ လာရောက်ရိုက်ကူးလေ့ ရှိခဲ့ပါတယ်။




ထို နံရံ ရှေ့ကို ရောက်ခဲ့ဖူးသူတွေဟာလည်း နံရံပေါ်မှာ Business Card တွေ ၊ လက်ရေးနဲ့ ရေးသားထားတဲ့ စာတိုတွေကို ပီကေတွေနဲ့ အမှတ်တရ ကပ်ခဲ့ကြရာကနေ အခုချိန်မှာ ထို စာတိုတွေ ဟာ ကြမ်းပြင်ပေါ် ပြုတ်ကျ ပြန့်ကျဲနေတဲ့အတွက် ရှင်းလင်းခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ထို နံရံ ဟာ ၀ါရှင်တန် မြို့တော် ရဲ့ အကျော်ကြားဆုံး နေရာ တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်တွေကတော့ ဖြတ်သွားဖြတ်လာ တွေက စတင်ခဲ့တဲ့ ၂၄ နှစ်ကြာသက်တမ်း ရှိတဲ့ Gum Wall ပေါ်က ပီကေတွေကို ရှင်းလင်းဖယ်ရှားလိုက်ပါပြီ။ ကမ္ဘာလှည့်ခရီးသွား တစ်ယောက်ဖြစ်တဲ့ Katri Mattsson ကတော့ Gum Wall ဟာ အလွန်ကြည့်ရဆိုး ပေမယ့် အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်လို့ New York Daily သတင်းဌာနကို ပြောပြထားပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment