Powered by Blogger.

ရည်းစားလုဘက်ကို ပစ်သတ်၊ ခေါင်းဖြတ်ပြီး မီးရှို့ခဲ့သူ တစ်ဦး



အမျိုးသားတစ်ဦးဟာ သူ့ရဲ့ ရည်းစားတွေထဲက တစ်ယောက်နဲ့ ချိန်းတွေ့နေတဲ့ ရည်းစားလုဘက်ကို သေနတ်နဲ့ ပစ်သတ်၊ ခေါင်းဖြတ်ပြီး မီးရှို့ခဲ့မှုနဲ့ တရားရင်ဆိုင်နေရပါတယ်။

Richard Darling အမည်ရှိ အဲ့ဒီ့ အမျိုးသားဟာ သူသတ်လိုက်တဲ့သူနဲ့ သူ့ရည်းစား လိင်ဆက်ဆံနေတာကို ရုတ်တရက်မိသွားခဲ့တာပါ။ ဟောလိုးဝင်းည ၁၀နာရီခွဲ ကျော်ကျော်ခန့်က ၅၅ဂါလန်ဆန့် စည်ပိုင်းထဲမှာ လူအကြွင်းအကျန်တွေ မီးလောင်နေတာကို ရဲတွေက ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ WCAX သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။

အလောင်းဟာ Rey Pesina အမည်ရှိသူလို့ ယုံကြည်ရပါတယ်။ Richard Darling က Rey Pesina ကို .22 ရိုင်ဖယ်နဲ့ ပစ်သတ်ခဲ့ပြီး ခေါင်းဖြတ်ကာ ခန္ဓာကိုယ် အကြွင်းအကျန်တွေကို စည်ပိုင်းထဲထည့် မီးရှို့ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ထွက်ဆိုထားပါတယ်။

သူ့ကို လောလောဆယ် Arapahoe စီရင်စု Colorado အကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

#knowledge.thithtoolwin.com

Ref: Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment