အမျိုးသမီးတစ်ယောက်ဟာ တီရှပ်တစ်ထည်၊ ရွှေရောင်ကျောပိုးအိတ်နဲ့ ဖိနပ်တစ်စုံကလွဲပြီး ကိုယ်အောက်ပိုင်းကို ဘာမှမ၀တ်ဆင်ဘဲ ဟောင်ကောင်မြို့ လယ်မှာ လျှောက်သွားခဲ့ပေမယ့် ဘယ်သူမှ သတိပြုမကြည့်ခဲ့ကြပါဘူး။
ရွှေရောင်ဆံပင်ဖျော့နဲ့ မော်ဒယ်ဟာ ခါးအောက်ပိုင်းကို လုံးဝဗလာကျင်းထားပေမယ့် အပြာရောင် skinny ဂျင်းဘောင်းဘီဝတ်ဆင်ထားတဲ့ပုံစံမျိုး ဆေးခြယ်ထားတာဖြစ်ပါတယ်။
ဗီဒီယိုအစမှာ ခန္ဓာကိုယ်ဆေးခြယ်ပညာရှင် Sandra Bakker ဟာ မော်ဒယ်ရဲ့ ခြေချောင်းတွေကို ဂရုတစိုက် ဆေးခြယ်ပေးနေတာကို မြင်ရပါတယ်။ Sandra ဟာ ဂျင်းဘောင်းဘီတစ်ထည်အတိုင်း တစ်ထေရာတည်းတူတောင် ဆေးအပြာရောင်အမျိုးမျိုးကို ရောစပ်ကာ အနုစိတ်ဆွဲပြခဲ့တာ ဖြစ်ပါတယ်။ တကယ့်ဂျင်းဘောင်းဘီအတိုင်း သဘာဝကျအောင်လို့ ဂျင်းဘောင်းဘီရဲ့ ဘေးဘက်နဲ့ နောက်တွေမှာ အိတ်ကပ်တွေ ရယ် ဘောင်းဘီချုပ်ရိုးတွေကို ဆွဲပေးခဲ့ပါတယ်။
ထို့ နောက်မှာတော့ မော်ဒယ်ဟာ လူထူတဲ့လမ်းတွေကို ဖြတ်၊ဈေးဝယ်၊ အနုပညာလက်ရာတွေလိုက်ကြည့် တဲ့ အပြင် လူပြည့်နေတဲ့ရထားပေါ် အောက်ပိုင်းဗလာနဲ့ တက်စီးခဲ့တာတောင် ဘယ်သူမှ သတိမထားမိခဲ့ကြပါဘူး။
မော်ဒယ်ကိုဆေးခြယ်ပေးခဲ့တဲ့ ပညာရှင် Sandra Bakker ဟာ ဟောင်ကောင်မှာနေထိုင်သူဖြစ်ပြီး မျက်နှာနဲ့ ခန္ဓာကိုယ်တွေကိုဆေးခြယ်ပေးတဲ့သူမရဲ့ အသက်မွေးလုပ်ငန်းနဲ့ လူသိများသူတစ်ဦးဖြစ်ပါတယ်။ မဂ္ဂဇင်းတွေမှာလည်း ထည့်သွင်းဖော်ပြခံရဖူးကာ ကမ္ဘာအနှံ့ က catwalk လမ်းတွေမှာလည်း လျှောက်လမ်းခဲ့ဖူးသူ တစ်ဦးဖြစ်ပါတယ်။ အခုအခါမှာတော့ သူမဟာ သည်းထိတ်ရင်ဖိုရုပ်ရှင်ကားတွေ၊ တီဗီရှိုး တွေနဲ့ ရုပ်ရှင်၊ပြဇာတ်ဖန်တီးမှုတွေရဲ့ special effects ပြုလုပ်မှုအပိုင်းကို ကြိုးစား လေ့လာလျက်ရှိပါတယ်။
ဒီဗီဒီယိုကို Youtube မှာတင်ခဲ့ပြီးနောက် ကြည့်ရှုမှုပေါင်း ၂၈၆၀၀၀ ကြိမ် ရထားပါတယ်။
( Ye Wint )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Dailymail
0 comments:
Post a Comment