ဗြိတိန်နိုင်ငံခြားရေးရာဝန်ကြီးဌာန က ထုတ်ပြန်တဲ့ အန္တရာယ်ရှိ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်နေ
ဗြိတိန်နိုင်ငံခြားနှင့်ဓနသဟာယနိုင်ငံများရုံးက ထုတ်ပြန်ခဲ့တဲ့ ပုံစံကားချပ်မှာ အနီရောင်နဲ့ ဖော်ပြထားတဲ့နိုင်ငံ တွေက လုံးဝရှောင်ရှားသင့်တဲ့နိုင်ငံတွေဖြစ်ပြီး အ၀ါရောင်နဲ့ ဖော်ပြထားတဲ့ ၄၅ နိုင်ငံကတော့ အန္တရာယ် တစ်စိတ်တစ်ဒေသရှိနိုင်တယ်လို့ ယူဆရတဲ့နိုင်ငံတွေဖြစ်ပါတယ်။
ဗြိတိန် နိုင်ငံခြားနှင့်ဓနသဟာယနိုင်ငံများဆိုင်ရာရုံးဌာန (FCO) က ဗြိတိန်လူမျိုးခရီးသွားတွေအနေနဲ့ လုံးဝ မလည်ပတ်သင့်ဘဲ၊ အန္တရာယ်အရှိဆုံးနိုင်ငံတွေအဖြစ် အာဖဂန်နစ္စတန်၊ ဘွန်ရွန်ဒီ၊ အလယ်အာဖရိကသမ္မတနိုင်ငံ၊ ချက်ဒ်၊ ကွန်ဂို၊ ဂီနီ၊ အီရတ်၊ လစ်ဗျား၊ မော်ရီတေးနီးယား၊ နိုင်ဂျီးယား ၊ ပါလက်စတိုင်းနယ်မြေများ၊ ဆီရာလီယွန်၊ ဆိုမားလီးယား၊ ဆိုမာလီနယ်မြေ၊ တောင်ဆူဒန်၊ ဆီးရီးယား၊ တူနီးရှား နဲ့ ယီမန် နိုင်ငံတို့ ကို သတ်မှတ်လိုက်ပါတယ်။
လွန်ခဲ့တဲ့အပတ်က Sharm el-Sheikh အပန်းဖြေဒေသက ထွက်ခွာလာတဲ့ ရုရှားလေကြောင်းလိုင်းလေယာဉ် ပျက်ကျခဲ့ပြီးနောက် လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည် ၂၂၄ ယောက်လုံး အသက်ဆုံးရှုံးခဲ့ရပြီးနောက်မှာ ယခုလို ဗြိတိန်အစိုးရက စာရင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အန္တရာယ်တစ်စိတ်တစ်ဒေသရှိနိုင်တယ်လို့ ယူဆရတဲ့နိုင်ငံတွေမှာတော့ မြန်မာ၊ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းစတဲ့ အရှေ့ တောင်အာရှနိုင်ငံတွေ ပါဝင်နေပါတယ်။
အန္တရာယ်တစ်စိတ်တစ်ဒေသရှိနိုင်တဲ့နိုင်ငံများစာရင်းအပြည့်အစုံကတော့
• Algeria
• Angola
• Armenia
• Azerbaijan
• Bangladesh
• Burkina Faso
• Burma (Myanmar)
• Cambodia
• Cameroon
• Colombia
• Djibouti
• Ecuador
• Egypt
• Eritrea
• Ethiopia
• Georgia
• Haiti
• India
• Iran
• Israel
• Ivory Coast
• Japan
• Jordan
• Kenya
• Kosovo
• Lebanon
• Madagascar
• Malaysia
• Mali
• Nepal
• Nigeria
• Pakistan
• Philippines
• Republic of Congo
• Russia
• Saudi Arabia
• Sudan
• Tajikistan
• Thailand
• Turkey
• Uganda
• Ukraine
• Venezuela
• Western Sahara
( Ye Wint )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref: Mirror
0 comments:
Post a Comment