Powered by Blogger.

ကျားကိုက်ခံရတဲ့အပြင် ပိုင်နက်ကျူးလွန်မှုနဲ့ ပြစ်ဒဏ်ခံရမယ့် အမျိုးသမီး




Halloween ညမှာ တိရစ္ဆာန်ရုံအတွင်း ခေါ်ဝင်လို့ ကျားကိုက်ခံလိုက်ရတဲ့ Omaha မှ အမျိုးသမီးတစ်ဦးဟာ ပိုင်နက်ကျူးကျော်ဝင်ရောက်မှုနဲ့ အဖမ်းခံထားရပါတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ Jacqueline Edie ဟာ လက်ရှိမှာတော့ သူရဲ့ဘယ်ဘက်လက်က ဒဏ်ရာကို Creighton University Medical Center မှာ ကုသမှုခံယူနေပါတယ်။ စနေနေ့ညက  Henry Doorly Zoo & Aquarium ကို ခိုးဝင်ပြီး Mai လို့ အမည်ရတဲ့ ၁၈နှစ်အရွယ် ကျားမလေးကို ကိုင်တွယ်ခဲ့တဲ့ Edie ဟာ ထိန်းသိမ်းရခက်နေပြီး ဆေးရုံဝန်ထမ်းတွေကိုလည်း ရိုင်းပြရန်လိုစွာ ဆက်ဆံပြုမူနေတယ်လို့ ဆိုပါတယ်။

တိရစ္ဆာန်ရုံ တာဝန်ခံတွေကတော့ တိရစ္ဆာန်လှောင်အိမ်အတွင်းသို့ ချဉ်းနင်းဝင်ရောက်မှု၊ Edie လက်ကို ကျားကိုက်ခံရမှုနဲ့ ဒဏ်ရာပြင်းထန်တာတွေအကြောင်း ပြောပြခဲ့ပါတယ်။ ပြီးတော့ Edie ကို ဆေးရုံပို့ပေးခဲ့ပါသတဲ့။

ဒီအမှုက မနက် ၄နာရီခန့်မှာ ဖြစ်ပွားတာဖြစ်တယ်လို့ ရဲတွေကဆိုပါတယ်။ အသေးစိတ်ကိုတော့ Omaha ရဲဌာနက စုံစမ်းစစ်ဆေးနေတုန်း ဖြစ်ပါတယ်။

Edie တစ်ယောက် တိရိစ္ဆာန်ရုံထဲ ဘယ်လိုဝင်သွားတယ်ဆိုတာကိုလည်း စုံစမ်းနေဆဲဖြစ်ပါတယ်။ တာဝန်ခံ ညွှန်ကြားရေးမှုး Dennis Pate က Sky News ကို တိရိစ္ဆာန်ရုံအတွင်းမှာ ကင်မရာတွေတပ်ဆင်ထားပြီး ၂၄ နာရီလုံး လုံခြုံရေးတွေချထားတဲ့အပြင် အ၀င်အထွက်ဂိတ်ပေါက်တွေကိုလည်း ကွန်ပြူတာစနစ်နဲ့ ထိန်းချုပ်သော့ခတ်ထားတာဖြစ်ကြောင်း ပြောထားပါသေးတယ်။


တိရစ္ဆာန်ရုံတာဝန်ခံ Ron Hegg က ကျားရဲ့အပြုအမူတွေက နားလည်ရခက်နေပါတယ်လို့ Omaha.com ကို ပြောသွားပါတယ်။ “ သူက ပုံမှန်တော့ ခုလို တစ်စုံတစ်ယောက်ကို တိုက်ခိုက်လေ့မရှိပါဘူး။ သူ့ကို ရန်မူတဲ့အပြုအမူမျိုးကို ကာကွယ်ဖို့ပဲ ဖြစ်မှာပါ “ လို့ Hegg က ဆိုပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

#knowledge.thithtoolwin.com

Ref: Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment