Powered by Blogger.

ကလေး ၃ယောက်ကို ပုရွက်ဆိတ်သတ်ဆေးနဲ့ သတ်ဖို့လုပ်တဲ့ မိခင် အဖမ်းခံရ



အမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့ ကလေး ၃ယောက်ကို ပုရွက်ဆိတ်သတ်ဆေး ကျွေးပြီး သတ်ဖို့ ကြိုးစားခဲ့တယ် ဆိုတဲ့ သံသယမှုနဲ့ အဖမ်းခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ Paw Eh မှာ အသက် ၄နှစ်နဲ့ ၇နှစ်အရွယ် သားနှစ်ယောက်နဲ့ အသက် ၁၂နှစ်အရွယ် သမီးတစ်ယောက်ရှိပါတယ်။ သူတို့ကို သတ်ဖို့ကြိုးစားခဲ့တဲ့အတွက် သေဒဏ်ထိုက်တဲ့ လူသတ်မှုကို ကြိုးပမ်းမှုနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။

Paw Eh ဟာ ပုရွက်ဆိတ်သတ်ဆေး အဆိပ်တစ်ဇွန်းကို ရေနဲ့ဖျော်ပြီး သားအငယ်ဆုံးကို အတင်းသောက်ခိုင်းခဲ့တာကို သမီးအကြီးဆုံးက မြင်တွေ့နေခဲ့ရကြောင်း Dallas ရဲတပ်ဖွဲ့ကို ပြောပြခဲ့ပါတယ်။

သူတို့ကို မိခင်ဖြစ်သူက အဲ့ဒီ့ အဆိပ်ကိုပဲအတင်းမြိုခိုင်းတဲ့အတွက် သမီးအကြီးနဲ့ သားကြီးဟာ ထွက်ပြေးပြီး အကူအညီတောင်းခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ Eh က သူ့ကိုယ်သူနဲ့ ကလေးတွေကို သတ်မယ်လို့ ကလေးတွေကို အရင်ကပြောခဲ့ဖူးကြောင်း သတင်းထုတ်ပြန်ပါတယ်။

အသက် ၄နှစ်အရွယ် သားငယ်ကိုတော့ ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာ ဒေသဆေးရုံကို ပို့ခဲ့ရကြောင်း သိရပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment