Powered by Blogger.

အေပ်ာ္စီးသေဘာၤေပၚက အလုိအေလ်ာက္ဆြဲတံခါးနဲ့ ထိခိုက်မိပြီး ပေါင် ၁၄ သန်း လျော်ကြေးရခဲ့တဲ့ အမျိုးသား




Holland America သဘောင်္လိုင်းဟာ James Hausman ဆိုတဲ့ ခရီးသည်ကို တရားရုံးမှာ ကိုးရက်ကြာ အမှုရင်ဆိုင်ပြီးနောက် အလွန်တရာများပြားတဲ့နစ်နာကြေး ပေးဆောင်ခဲ့ရပါတယ်။

စီးပွားရေးသမားဖြစ်သူ James Hausman ဟာ MS Amsterdam သဘောင်္ပေါ်မှာ ဇနီးသည်၊သမီးနဲ့ သူ့ ရဲ့ သီးသန့် နည်းပြဆရာတို့ နဲ့ အတူ လိုက်ပါစီးနင်းခဲ့တာဖြစ်ပြီး သဘောင်္ပေါ်က ဆွဲတံခါးကြောင့် အသေးစား ဦးနှောက်ထိခိုက်မှု ရခဲ့ပါတယ်။

တရားရုံးရဲ့ကြားနာစစ်ဆေးချက်အရ အသက် ၆၁ နှစ်အရွယ် Mr Hausman ဟာ အဆိုပါ ထိခိုက်မှုကြောင့် ယခုအချိန်ထိ မှတ်ဥာဏ် ဆုံးရှုံးမှု၊ ခေါင်းနောက်မူးဝေမှုနဲ့ လေသင်တုန်းဖြတ်မှုတို့ ကို ခံစားနေရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Mr Hausman ဟာ ရက်ပေါင်း ၂၈၀ ကြာတဲ့ ကမ္ဘာလှည့်အပျော်စီး သဘောင်္ခရီးစဉ်ကိုတော့ အဆုံးထိလိုက်ပါခဲ့ပါတယ်။

Holland America သဘောင်္လိုင်း သဘောင်္တွေက အလိုအလျောက်ဆွဲတံခါးရဲ့ အာရုံခံစနစ်ချို့ ယွင်းမှုကြောင့် အလားတူထိခိုက်မှုမျိုးတွေ တခြားခရီးသည်အများအပြားလည်း ခံစားခဲ့ရကြောင်း တရားရုံးမှာ သက်သေ ပြနိုင်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်က အမေရိကန်နိုင်ငံ၊ ဆီယက်တယ်မြို့ က စတင်ထွက်ခွာလာတဲ့ အဆိုပါသဘော်ဟမာ ရုရှား၊ တရုတ်နဲ့ အရှေ့ တောင်အာရှနိုင်ငံအများအပြား၊ တောင်ပစိဖိတ်ဒေသတို့ ကို လှည့်လည်သွားလာခဲ့ပါတယ်။ နိုဝင်ဘာ ၂၆ ရက်နေ့ ၊ ဟိုနိုလူလူကျွန်းကို အသွားလမ်းမှာ၊ Mr Hausman တစ်ယောက် တခြားခရီးသည်တွေ နောက်ကနေ ဆွဲတံခါးကိုအဖြတ်မှာ တံခါးက ပိတ်သွားပြီး Mr Hausman ရဲ့ မျက်နှာနဲ့ ခေါင်းဘေးဘက်ကို ရိုက်မိခဲ့တာ ဖြစ်ပါတယ်။

Mr Hausman ဟာ သဘောင်္ပေါ်က ဆရာဝန်နဲ့ ပြသခဲ့ရာမှာ ဦးခေါင်းပိုင်း အတွင်းကြေ ဒဏ်ရာနဲ့ သွားတစ်ချောင်းပဲ့ခဲ့ကြောင်း တွေ့ ရှိခဲ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်း ဦးနှောက်နှင့်အာရုံကြောစမ်းသပ်စစ်ဆေးမှုတွေအရ Mr Hausman ဟာ အသေးစား ဦးနှောက်ထိခိုက်မှုဒဏ်ရာရရှိခဲ့ကာ အမြဲတမ်း ခေါင်းမူးဝေမှုကို ခံစားနေရကြောင်း တွေ့ ရှိခဲ့တာဖြစ်ပါတယ်။

Mr Hausman ဟာ စက္ကန့် အနည်းငယ်နဲ့ မိနစ်အနည်းငယ်တွေ သူဘာတွေပြောခဲ့လဲဆိုတာကို မမှတ်မိတော့ဘဲ ထပ်ခါထပ်ခါပြောနေတတ်တယ်လို ရှေ့ နေဖြစ်သူ Mr Friedman က တရားရုံးကို တင်ပြခဲ့ပါတယ်။

တရားရုံးဂျူရီလူကြီးတွေဟာ Mr Hausman ကို နစ်နာကြေးအဖြစ် ဒေါ်လာ ၂၁.၅ သန်းပေးဆောင်ဖို့ သဘောင်္ လိုင်းကို အမိန့် ချခဲ့ပါတယ်။ Holland America Line ကတော့ ဒီပမာဏဟာ များလွန်းပြီး အယူခံဝင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment