Powered by Blogger.

ကမ္ဘာ့ဈေးအကြီးဆုံး လေလံဝယ်ယူမှု အဖြစ် စံချိန်တင်ခဲ့တဲ့ ရှားပါး စိန်ပြာ




ဟောင်ကောင်မြို့က ဘီလျံနာ တစ်ဦးဟာ ၁၂.၀၃ ကာရက် ရှိတဲ့ ရှားပါး စိန်ပြာ တစ်လုံးကို လေလံပွဲတစ်ခုမှာ ဒေါ်လာ ၄၈.၄ ဘီလျံ နဲ့ စံချိန်တင် ၀ယ်ယူခဲ့ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရတော့ ထိုစိန်ပြာဟာ သူ့ရဲ့ ၇ နှစ်အရွယ် သမီးငယ်ကို လက်ဆောင်ပေးဖို့ အတွက်ဖြစ်ပါတယ်တဲ့။

ဂျနီဗာ မြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ "Magnificent Jewels and Nobel Jewels" ဆိုတဲ့ လေလံပွဲမှာ အိမ်ခြံမြေ စီးပွားရေး သမား ဖြစ်တဲ့ Joseph Lau က ထို လမင်းပြာ စိန်တုံး  လို့ တင်စားခေါ်ဝေါ်ကြတဲ့ ထို စိန်ပြာကို ၀ယ်ယူခဲ့တာပါ။

ထို စိန်ပြာ ဟာ ပြီးခဲ့တဲ့ နှစ်က တောင်အာဖရိက နိုင်ငံမှာ တူးဖော်တွေ့ရှိခဲ့တာဖြစ်ပြီး နယူးယော့ခ်မြို့မှာ ၆လ ကြာလုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ စိန်သွေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Lau ဟာ မနှစ်ကတုန်းက Macau မြို့မှာ အကျင့်ပျက်ချစားမှု စွပ်စွဲချက်နဲ့ အဖမ်းခံခဲ့ရပြီး ၅ နှစ်ကြာ ထောင်ဒဏ်သတ်မှတ်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူဟာ ဆက်လက်လွတ်မြောက်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ Macau နဲ့ ဟောင်ကောင်မြို့တို့မှာ တရားဝင်လွှဲပြောင်းပေးတဲ့ ထုံးစံ မရှိခဲ့လို့ပါ။ ဒါပေမယ့် ဂျနီဗာ မှာ ပြုလုပ်ခဲ့တဲ့ လေလံပွဲကိုတော့ Lau က ကိုယ်တိုင်တက်ရောက်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ထို စိန်ပြာရောင်းချနိုင်ခဲ့တဲ့ လေလံအောင် ဈေးနှုန်းအရဆိုရင်တော့ ထိုစိန် တစ် ကာရက်ဟာ ဒေါ်လာ ၄၀၂၈၉၄၁ တန်သွားပါတယ်။

ထို လေလံပွဲမှာ Lau ဟာ ပန်းရောင် စိန်တစ်လုံးကိုလည်း ဒေါ်လာ ၂၈.၅ သန်းနဲ့ ၀ယ်ယူခဲ့ပြီး ထိုစိန်တုံး ၂ လုံး စလုံးကို သူ့ရဲ့ ၇ နှစ်အရွယ် သမီးကို လက်ဆောင်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment