Powered by Blogger.

ဟိုတယ်ရေချိုးကန်ထဲ ချစ်တင်းနှောနေစဉ် အမျိုးသားဖြစ်သူ နှလုံးဖောက်သေဆုံးပြီး ဇနီးသည်ပါ ပိကာ ရေမွန်းသေဆုံး





ဟိုတယ်တစ်ခုက ရေချိုးကန်ထဲမှာ ချစ်တင်းနှောနေစဉ် အမျိုးသားကောအမျိုးသမီးပါ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

အသက် ၆၇ နှစ်အရွယ် Charles Mckenzie နဲ့ ဇနှီးဖြစ်သူ၊ အသက် ၆၃ နှစ်အရွယ် Dorothy တို့ ကို မက္ကဆီကို နိုင်ငံ၊ Playaca Palace ဟိုတယ်ရဲ့ ရေချိုးကန်ထဲမှာ အသက်မရှိတော့ဘဲသေဆုံးနေတာကို တွေ့ ရှိခဲ့ရပါတယ်။

အဆိုပါကနေဒါလူမျိုးစုံတွဲဟာ သမီးဖြစ်သူမင်္ဂလာဆောင်ကို လာရင်း၊အပန်းဖြေခရီးထွက်လာစဉ် သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သမီးဖြစ်သူ မင်္ဂလာမဆောင်ခင်၊ နှစ်ရက်အလို၊ အင်္ဂါနေ့ မနက် ၁၀ နာရီမှာ လင်မယားနှစ်ယောက်သေဆုံး ခဲ့ရတာဖြစ်ပြီး အာဏာပိုင်တွေရဲ့ တွေ့ ရှိချက်အရ Charles ဟာ နှလုံးဖောက်ကာ သေဆုံးခဲ့တာဖြစ်ပြီး ဇနီးဖြစ်သူ Dorothy ကတော့ အပေါ်က ခင်ပွန်းသည်ပိကာ ရေချိုးကန်ထဲမှာ ရေမွန်းသေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

အစမှာတော့ ရေပူကန်စနစ်ချို့ ယွင်းမှုကြောင့် လင်မယားနှစ်ယောက် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ယူဆ ခဲ့ကြပေမယ့် ဟိုတယ်အကြီးအကဲတွေက အလျင်အမြန်ငြင်းဆိုခဲ့ကြပါတယ်။

Playaca Palace ဟိုတယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဟိုတယ်အခန်းဟာ လုံးဝကောင်းမွန်ကာ၊ တပ်ဆင်ထားတဲ့ပစ္စည်းတွေကလည်း ကောင်းမွန်စွာအလုပ်လုပ်ကြောင်း ပြောကြားခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment